
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှု ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ စုစုပေါင်း ၂၉ ဘီလျံကို ထပ်မံဖော်ထုတ်ရရှိခဲ့ပြီး ရန်ကုန်မြို့ ပန်းလှိုင်အိမ်ရာနှင့် မှော်ဘီ၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်၊ ပြင်စာရွာရှိ မြေနှင့် အဆောက်အအုံများကိုလည်း ယာယီသိမ်းဆည်းထားပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတရုံးက ဦးကျော်မြင့်၏ တရားမဝင်ငွေကြေး၊ ပိုင်ဆိုင်မှုနှင့် လုပ်ငန်းများအကြောင်း နှစ်ကြိမ်တိုင် အသေးစိတ်ထုတ်ဖော်ပြီးဖြစ်သော်လည်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး နိုင်ငံရေးပါတီတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တရားဝင်ရပ်တည်နိုင်မှု အခြေအနေများနှင့် ပတ်သက်၍မူ ရှင်းလင်းစွာထုတ်ပြောခြင်း မရှိသေးပေ။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/LnertyWHzqY]