
ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်စာရင်းတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့ ထပ်တိုးလာနိုင်ပြီး ရွေးကောက်ပွဲလုပ်မလုပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်အရ ပြန်လည်သုံးသပ်နေသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်သည်။ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့က ပေးပို့လာသည့် သဘောထားမှတ်ချက်အရ မဲဆန္ဒရှင်များ အန္တရာယ်ကင်းစွာ မဲပေးနိုင်ခြင်းရှိ၊ မရှိပေါ်မူတည်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/5_fC7kIg1hc]