ရုပ်သံသတင်း

နှင်းဆီပါတီဖျက်သိမ်းခံရနိုင်သည့် အခြေအနေကြုံနေရ

ထောင်ပြေးတစ်ယောက်ဖြစ်သည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် တရားမဝင်ငွေကြေးသုံးစွဲမှုများလည်းရှိနေသဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းမှုရှိနိုင်ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။ လွန်ခဲ့သော ၂၁ နှစ်က ထောင်ပြေးမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ဦးကျော်မြင့်အပေါ် စိစစ်ဖော်ထုတ်ရရှိချက်များကို နေပြည်တော်တွင် အထူးသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

သတင်းနှင့် ရိုက်ကူး – ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now

[youtube https://youtu.be/OPukAc05zos]

Show More

Related Articles

Back to top button