အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ထဲက မြန်မာသရုပ်ဆောင်

အသက် ၂၁ နှစ်အရွယ် ဆယ်တန်းကျောင်းသားဘဝကတည်းက ၁၉၈၈ခုနှစ် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ရဲဘော်မင်းဌေးဟာ နောက်ထပ် နှစ် ၃၀ ကျော်အကြာမှာ ထပ်မံ ပေါ်ပေါက်လာတဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာလည်း လူငယ်တွေနဲ့အတူ မြေပြင်မှာ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ လူငယ်ဘဝကနေ အသက် ၆၀ နီးပါးအရွယ်အထိ စစ်အာဏာရှင်တော်လှန်ရေးမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေတဲ့ ရဲဘော်မင်းဌေးဟာ နာမည်ကျော် ဟောလီးဝုဒ်မင်းသား Sylvester Stallone နဲ့အတူ Rambo 4 ရုပ်ရှင်မှာ မြန်မာစစ်တပ်ရဲ့ တပ်ရင်းမှူးတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးတဲ့ The Lady ဇာတ်ကားမှာလည်း မင်းသမီး မီရှဲယိုးနဲ့အတူ ရဲဘော်မင်းဌေး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကာလတွေတုန်းက ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ စည်းရုံးရေးခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ခတ်ဖို့ စစ်သားတွေကို အမိန့်ပေးခဲ့တဲ့ ဗိုလ်ကြီးမြင့်ဦးအဖြစ် ရဲဘော်မင်းဌေးက ပါဝင် သရုပ်ဆောင်ခဲ့တာပါ။ ABSDF လို့ အတိုကောက် ခေါ်ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ စစ်ကြောင်းအမှတ် ၃ ကို ရဲဘော်မင်းဌေး ဦးဆောင်ပြီး ယောနယ် (ဂန့်ဂေါခရိုင်) ထဲမှာ မင်းအောင်လှိုင်စစ်တပ်ကို တော်လှန်နေပါတယ်။ ရဲဘော်မင်းဌေးရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဒီရုပ်သံမှတ်တမ်းမှာ ဖော်ပြလိုက်ပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button