ရုပ်သံသတင်း

ပါတီငွေစာရင်းစစ်ဆေးခံရန် ကော်မရှင်ဆင့်ခေါ်သော်လည်း နှင်းဆီပါတီ ရောက်မလာ

လွန်ခဲ့သည့် ၂၁နှစ်က ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံထားရသူ ဦးကျော်မြင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နှင်းဆီပါတီ၏ ငွေစာရင်းများကို စစ်ဆေးရန် ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်သို့ ဆင့်ခေါ်ထားသော်လည်း ပါတီတာဝန်ရှိသူများ ရောက်မလာကြောင်း ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက Myanmar Now ကို ပြောသည်။ ပါတီဌာနချုပ် တည်နေရာအရ နေပြည်တော်တွင် စစ်ဆေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ကော်မရှင်ဘက်ကပြောပြီး နှင်းဆီပါတီဘက်ကမူ ပါတီဘဏ္ဍာရေးစာရင်းဇယားအားလုံးသည် ရန်ကုန်ရုံးတွင်သာရှိသည့်အတွက် ကိုဗစ်အကန့်အသတ်ကြောင့် နေပြည်တော်သို့ လာရောက်စစ်ဆေးခံရန် မဖြစ်နိုင်ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/qgRHE-TbrJI]

Show More

Related Articles

Back to top button