ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးကို ရွေးကောက်ခံပိုင်ခွင့် ပြန်လည်ရုပ်သိမ်း

ဦးအောင်မောင်းသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)ဟု ဖော်ပြလျှောက်ထားခဲ့ရာ ကနဦးတွင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးဖြစ်သော်လည်း ထပ်မံစိစစ်သည့်အခါ ၎င်းမှာ ပင်စင်စားတစ်ဦးမဟုတ်သေးသည်ကို တွေ့ရှိရကြောင်း စစ်ကိုင်းတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက Myanmar Now ကို ပြောသည်။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဋ)တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဖြစ်သူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရဟူသောအချက်နှင့် ငြိစွန်းနေသဖြင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းအဖြစ်မှ ဦးအောင်မောင်းကို အောက်တိုဘာ ၁၀ ရက်တွင် ပြန်လည်ပယ်ချခဲ့ခြင်း ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/dY-Ft6xg1Ns]

Show More

Related Articles

Back to top button