
ထောင်ပြေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုများကို စိစစ်ရာတွင် ကျပ် ၂၃ ဒသမ ၀၅ ဘီလျံ ရှိကြောင်း တွေ့ရပြီး ထိုအထဲတွင် အမေရိကန်ဒေါ်လာ အတော်များများ တွေ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာ ၁၀ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ဦးကျော်မြင့်ကို ဖမ်းဆီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့ညပိုင်း၌ပင် ငွေကျပ်သိန်းတစ်သောင်းကျော် ထုတ်ယူမည့် ဘဏ်ချက်လက်မှတ်တစ်ခုကို ရဲတပ်ဖွဲ့က အချိန်မီသိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါငွေကြေးများနှင့်ပတ်သက်၍ လည်ပတ်မှု၊ ငွေလွှဲပြောင်းမှုများကို ဗဟိုဘဏ်က စိစစ်နေသည်ဟုလည်း ၎င်းက ပြောသည်။
သတင်းနှင့်ရိုက်ကူး – မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/byqRITzx-YA]