
ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သော်လည်း SNLD ပါတီအနေဖြင့် နုတ်ထွက်ကြောင်း အတည်ပြုထားခြင်း မရှိသေးဟု ပါတီအတွင်းရေးမှူးက ဆိုပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ဝေခဲ့သည့် SNLD ပါတီမူဝါဒလမ်းစဉ် ၂၀၂၀ စာအုပ်အမှာစာတွင် နာမည်ကြီးခေါင်းဆောင်တစ်ယောက်ကို အဓိကမှီခိုအားထားရသည့် ပါတီအဖြစ်မှ မူဝါဒအပေါ်ရပ်တည်သည့် ပါတီတစ်ရပ်ဖြစ်နိုင်အောင် ကြိုးပမ်းမည်ဟု ပါရှိပါသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/EOKTp6_dxcU]