
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်ရှိ မြန်မာနိုင်သားပိုင် ကုန်ဂိတ်ပေါင်း ၁၅၀ ကျော်ကို ပုံမှန်ပေးနေကျ လိုင်စင်သက်တမ်းတိုးမပေးဘဲ တရုတ်နိုင်ငံမှ အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအတိုင်း တရုတ်နိုင်ငံသားရှယ်ယာမပါလျှင် ကျယ်ဂေါင်ရှိ မြန်မာနိုင်ငံသားကုန်ဂိတ်များအား စက်တင်ဘာလ ၃ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ယူနန်ပြည်နယ်အစိုးရက ဖိအားပေးနေတာဖြစ်သည်။ ဒါကြောင့် နယ်စပ်တွင်လုပ်ကိုင်လျက်ရှိသည့် ကုန်သည်များသည် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုကို မူဆယ်မြို့တွင် ဗဟိုပြုပြီးလုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရကို တောင်းဆိုလိုက်သည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/mnUks8APqLA]



