အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ဘေးရှောင် ၂၉ ဦး သေဆုံးခဲ့ရသည့် လက်သည် KIA ထုတ်ပြော

ကလေးငယ်များ အပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရသည့် ဌာနချုပ် လိုင်ဇာအနီး စစ်ဘေးရှောင်စခန်းက ဖြစ်ရပ်ဆိုးသည် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် မောင်းသူမဲ့ အဆင့်မြင့်ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်က ပြောကြားလိုက်သည်။ အောက်တိုဘာ ၉ ရက် ညသန်းခေါင်ယံအချိန် တိုက်ခိုက်မှုသည် မုန်လိုင်ခက်စစ်ရှောင်စခန်း၏ အနောက်ဘက် ၆ ကီလိုမီတာ (၄ မိုင်) ခန့်တွင် ရှိသည့် ခါရာတောင်နှင့် ဘွမ်ရယ်တောင်ပေါ်တို့ရှိ စစ်ကောင်စီတပ်စခန်းတို့မှ လာသည်ဟု KIA ၏ ကနဦးစစ်ဆေးချက်များကို ကိုးကား၍ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။ “ခရာတောင်၊ ဘွန်ရယ်တောင်တို့မှာလည်း ဟယ်လီကော်ပတာနဲ့ ဒရုန်းတွေချပေးတဲ့ သက်သေတွေလည်းရှိပါတယ်” ထို့ပြင် ‘ယမ်းသိုလှောင်ရုံပေါက်ကွဲမှု’ ဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကိုလည်း ငြင်းဆန်သည်။ “အဲဒီနေရာမှာ လက်နက်ခဲယမ်းသိုလှောင်ထားတဲ့ ဂိုဒေါင်မရှိပါဘူး။ ဗုံးကျတဲ့နေရာမှာ ဘောလုံးကွင်းရှိတဲ့နေရာဖြစ်ပါတယ်။ လမ်းမကြီးဘေးမှာ ရှိတာ။ လက်နက်သိုလှောင်ထားတာလဲ မရှိဘူး။ အဲဒီနေရာမှာ ဘာမှမရှိဘူး။ သူတို့စွပ်စွဲတာ ဘာမှ မှန်ကန်မှုမရှိပါဘူး” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (အောက်တိုဘာ ၁၁) နေ့လယ​်ပိုင်းတွင် Myanmar Now ကို ပြောသည်။ မေးမြန်း – မောင်ရွှေဝါ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button