အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ဆရာဝန်များကို အလုပ်ခန့်ထားသည်ဟု စွပ်စွဲကာ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်း (၄၂ နှင့် ၄၃ လမ်းကြား) ရှိ မင်္ဂလာဆေးရုံကို ဩဂုတ်၂၅ မှစ၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ဩဂုတ် ၁၈ ရက်စွဲဖြင့် ညွှန်ကြားထားသည်။ ဆေးရုံများသာမက ဆေးခန်းများကိုလည်း ပစ်မှတ်ထားခဲ့သောကြောင့် ပိတ်လိုက်ရသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း ၁၅ ခုထက်မနည်းရှိကြောင်း မန္တလေးမှ CDM ဆရာဝန် ဒေါက်တာစိုးသူရဇော်က ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစု CDM တွင် ပါဝင်ခဲ့ကြသည်။ မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းအထိ CDM တွင် ပါဝင်ခဲ့ရာ စစ်ကောင်စီကလည်း အကြီးအကျယ် နှိပ်ကွပ်နေသည်။
သတင်း၊ တင်ဆက် – ဟန်သစ်
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)