အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တံတားဖောက်ခွဲတဲ့ကိစ္စ KNU ဘာပြောသလဲ

မွန်ပြည်နယ်၊ သထုံမြို့နဲ့ ဘီးလင်းမြို့ကြားမှာ ရှိတဲ့ တံတားတစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၈ ရက်နေ့ ည ၉ နာရီမှာ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ တံတားတစ်ခြမ်း ကျိုးကျပြီး ကားသုံးစီး ပျက်စီးခဲ့သလို စစ်ကောင်စီဝန်ထမ်းတစ်ဦး သေဆုံးပြီး ရဲတစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာလည်း အဲ့ဒီတံတား ပျက်စီးမှုအခြေအနေကို လာကြည့်တဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေကို ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃ ဦး ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က အတည်ပြုပါတယ်။ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ သုံးနေတာကြောင့် လမ်းကြောင်းဖြတ်တောက်တဲ့အနေနဲ့ တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ KNU သထုံခရိုင်တာဝန်ရှိသူက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KNU ရဲ့ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button