အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရခိုင်က ရိုဟင်ဂျာတွေလည်း မိုခါမုန်တိုင်း ရှောင်နေကြ

မိုခါမုန်တိုင်းအန္တရာယ်ကြာင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ ငှက်ချောင်းဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၇၀ ခန့်ဟာ စစ်တွေ၊ သဲချောင်း၊ သက္ကပြင်ဘက်ကို လာရောက်ခိုလှုံနေကြပါတယ်။

ငှက်ချောင်းဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ၄၀၀ လောက် နေထိုင်ကြရာမှာ ကျန်တဲ့လူတွေက ပေါက်တောက ဆွေမျိုးတွေရှိတဲ့နေရာတွေဆီ မုန်တိုင်းရှောင်ဖို့ သွားခိုလှုံနေကြတယ်လို့ သိရပါတယ်။ မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့ မွန်းတည့်ချိန်မှာ ရခိုင်ကမ်းရိုးတမ်းကို ဗဟိုပြုပြီး မြန်မာနိုင်ငံကုန်တွင်းပိုင်းကို ဝင်ရောက်မယ်လို့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနတွေက ခန့်မှန်းထားပါတယ်။

ရိုက်ကူး၊ တင်ဆက် – မျိုးသစ်၊ ဟန်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button