ရုပ်သံသတင်း

မီတာခဆောင်ဖို့အတွက် မီတာရုံးတွေမှာ လူစုလူဝေးဖြစ်

ကိုဗစ်နိုင်တင်း ရောဂါ အခြေအနေကြောင့် အစိုးရက လူ ၅ ယောက်ထက်ပိုပြီး လူစုလူဝေး မပြုလုပ်ရန် ထုတ်ပြန်ထားသော်လည်း သင်္ကြန်ရုံးပိတ်ရက်အပြီး အစိုးရရုံးများ ပြန်ဖွင့်သည့် ယနေ့တွင် မီတာခပေးဆောင်ရန် မီတာရုံးများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည်။

မီတာရုံးများရှေ့ လူစုလူဝေးဖြစ်နေပုံ ဓာတ်ပုံနှင့် ဗီဒီယိုများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် မီတာခပေးဆောင်မှုကို ထပ်မံ၍ နောက်ထပ်တစ်လ နောက်ဆုတ်လိုက်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

သတင်းနှင့်ရိုက်ကူး − မုန်ဆန်အောင်/Myanmar Now

[youtube https://youtu.be/xxt3-qlxF2I]

Show More

Related Articles

Back to top button