အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးခဲ့သည့် မတ္တရာတွင် ဖမ်းဆီးသတ်ဖြတ်ခံရသူများရှိနေ

မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်အတွင်း လွန်ခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးနှင့် ဒေသခံ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဧပြီ ၂၂ မှ ၂၅ အထိ စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် မတ္တရာမြို့နယ်အရှေ့ခြမ်းကို စီးနင်းခဲ့ခြင်းဖြစ်ကာ ရွာလေးရွာကို မီးရှို့ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။ 

ဧပြီ ၂၃ ရက်နေ့က မတ္တရာမြို့မှ သုံးမိုင်ခန့်အကွာ အောင်ချမ်းသာရွာအနီးတွင် စစ်တပ်ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ယင်းနေ့ ညနေပိုင်းအရောက် စစ်တပ်က ၎င်းတို့ဖမ်းဆီးထားသည့် မဟာအမည်ရ ဒေသကာကွယ်ရေးအဖွဲ့ (Mahar-LPDF) မှ အသက် ၂၄ နှစ် အရွယ် ကိုဖိုးထောင်ကို သတ်ဖြတ်ပြီးနောက် ဦးခေါင်းဖြတ်ထားခဲ့သည်။

နောက်တစ်ရက်တွင် ဥမှင်ကျေးရွာသို စစ်ကြောင်းထိုးစဉ် အသက် ၃၀ အရွယ် ကိုအောင်ထွေးဆိုသူ ဖမ်းဆီးခံရပြီး ပစ်သတ်ခံရကြောင်း၊ ၎င်းတွင် သမီးနှစ်ဦး ကျန်ရစ်ခဲ့ကြောင်း မတ္တရာပကဖ၏ စစ်ရေးတာဝန်ခံဖြစ်သူ အမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုအောင်ထွေး အသတ်ခံရသည်နှင့် ပတ်သက်၍ အသေးစိတ် မသိရပေ။

ထို့နောက်က စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးကာ ဧပြီ ၂၅ ရက်တွင် စကားပင်ကျေးရွာမှ ကျောင်းထိုင်ဆရာတော်နှင့် ရွာသားလေးဦးကို ဖမ်းဆီးသွားပြီး လက်ရှိချိန်အထိ အဆက်အသွယ်ပြတ်တောက်နေသည်။ ထို့ပြင် ရုံးပင်ရွာမှ အသက် ၄၀ ခန့်ရှိ ကိုဇော်ဆိုသူမှာလည်း ဧပြီ ၂၀ ရက်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးပေ။

စစ်ကောင်စီက မတ္တရာမြို့နယ်အတွင်း အနည်းဆုံး စစ်ကြောင်းနှစ်ကြောင်းဖြင့် စီးနင်းခဲ့ခြင်းဖြစ်ကာ မြို့နယ်အရှေ့ပိုင်းရှိ မြောင်းသစ်၊ အောင်ချမ်းသာ၊ ငါးလုံးပြွန်၊ လက်ဝဲကြီးကျေးရွာတို့ မီးရှို့ခံရသည်။ ဧပြီလ ၁၁ ရက်ကလည်း အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကင်းရွာ မီးရှို့ခံရပြီး နေအိမ် ၁၇၉ လုံး ပျက်စီးကာ လူ ၅၀၀ ကျော် မီးဘေးသင့်ခဲ့သည်ဟု မတ္တရာပကဖအဖွဲ့က ဆိုသည်။ မတ္တရာမြို့နယ်အရှေ့ခြမ်း၌ အနည်းဆုံး လူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေသည်ဟုလည်း သိရသည်။

မတ္တရာပကဖအဖွဲ့ ထုတ်ပြန်ထားသော မီးလောင်ဆုံးရှုံးမှုအခြေအနေ။

မတ္တရာနှင့် နယ်မြေချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်း ၅ ရင်း ပါဝင်သော မန္တလေးတိုင်း PDF များနှင့် စစ်ကောင်စီတပ်တို့ ဧပြီလဆန်းကတည်းက တိုက်ပွဲများပြင်းထန်နေသည်။

သို့သော် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းမှာ နောင်ချိုတိုက်ပွဲများနှင့် သက်ဆိုင်သည်ဟု မထင်ကြောင်း ပကဖစစ်ရေးတာဝန်ခံက မှတ်ချက်ပြုသည်။

“မန်းတိုင်း (မန္တလေးတိုင်း) အစပ်မှာ PDF က တိုက်ပွဲဖော်ဆောင်နေတာကြောင့် ထိုးစစ်တာတွေ လာတာလို့တော့ မထင်ပါဘူး။ မန်းတိုင်းရဲ့ ထိုးစစ်ကို ကာမယ်ဆိုလို့ရှိရင် အောက်ပိုင်းရွာတွေမှာ ကာမှ မဟုတ်ဘဲနဲ့ နောင်ချို- မတ္တရာအစပ်အထိကို ကာမှရမှာ။ ဒါကြောင့် ပုံမှန်နယ်မြေရှင်းလင်းရေးလုပ်တာလို့ ယူဆပါတယ်”

ထို့ပြင် ဖမ်းဆီးရမိသည့် မတ္တရာဒေသခံအဖွဲ့ဝင် ကိုဖိုးထောင်ဆီမှ အချက်အလက်တချို့အပေါ် အခြေခံ၍ ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်မှုအားကောင်းသည့်အတွက် နယ်မြေရှင်းလင်းရေးဝင်ခြင်းဖြစ်သည်ဟု သူက ယူဆသည်။

လက်ရှိတွင် မတ္တရာအရှေ့ခြမ်းမှ စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က ဧပြီလကုန်၌ ပြန်ထွက်သွားသော်လည်း ကင်းရွာတွင် အင်အား ၆၀ ခန့်၊ သဖန်းကိုင်းကျေးရွာတွင် ၆၀ ခန့်နှင့် မတ္တရာမြောက်ပိုင်း ရုံးပင်ကျေးရွာတွင် ၆၀ ခန့် က ဖြန့်ခွဲကာ အထိုင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button