အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သင်္ကြန်ပိတ်ရက်အတွင်း အခြေခံလူတန်းစားတွေအတွက် အစိုးရထောက်ပံ့မည်

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လျှော့ချနိုင်ဖို့အတွက် ရန်ကုန်အပါအဝင် အခြားမြို့တွေမှာပါ သင်္ကြန်ကာလအတွင်း အိမ်မှာနေကြဖို့ အစိုးရက တိုက်တွန်းထားသည်။ လက်လုပ်လက်စားအခြေခံလူတန်းစားတွေအတွက်တော့ အိမ်မှာပဲ နေဖို့ဆိုတာ ခက်ခဲလှပြီး အလုပ်မရှိရင် သူတို့ဘ၀တွေ နစ်မွန်းသွားနိုင်တယ်လို့ ပြောသည်။ နိုင်ငံတော်အစိုးအရအနေနဲ့ သကြန်ပိတ်ရက် ဆယ်ရက်အတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားမိသားစုတစ်စုကို ဆန် (၈) ပြည် ၊ ဆီ (၅၀) ကျပ်သား ၊ ပဲ (၁) ပိဿာ ကြက်သွန်(၁) ပိဿာ ထောက်ပံ့ပေးသွားမှာဖြစ်သည်။

သတင်းနှင့်ရိုက်ကူး − မုန်ဆန်အောင်/Myanmar Now

[youtube https://youtu.be/OxKryPCyJVU]

Related Articles

Back to top button