အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Junction City အနီး အမျိုးသားတစ်ဦးလဲကျခြင်းမှာ အတက်ရောဂါကြောင့်ဟု အစိုးရဆို

ရန်ကုန်မြို့လယ်ကောင် Junction City အနီးတွင် ရုတ်တရက်လဲကျခဲ့သည့် အမျိုးသားမှာ ကိုရိုနာဗိုင်းရပ် မဟုတ်ဘဲ အတက်ရောဂါကြောင့်သာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီး က Myanmar Now ကို အတည်ပြုပြောဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ Epilepsy ဟုခေါ်သည့် အတက်ရောဂါကြောင့်သာ လဲကျခြင်းဖြစ်နိုင်သည်ဟု ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

ဝန်ကြီးဌာနကလည်း လိုအပ်ရင်တော့ ထုတ်ပြန်မှာပါ။ Epilepsy ဆိုတာ တစ်နည်းအားဖြင့် ဘာမှထူးဆန်းတဲ့ ရောဂါမဟုတ်ပါဘူး။ အတက်ရောဂါရဲ့သဘောက ဒီလိုပဲ တက်ရင် သတိလစ်ပြီး လဲကျမယ်၊ ပြီးရင် သူပြန်ပြီး ထနိုင်ထူနိုင်မယ် လမ်းလျှောက်နိုင်မယ်။ ပြီးတော့ အချိန်နေရာမရွေး တက်နိုင်တယ်” ဟု ၎င်းကဆိုသည်။

အမျိုးသားတစ်ဦး လမ်းလျှောက်နေရာမှ ရုတ်တရက်လဲကျသည့် ဗီဒီယိုဖိုင်တစ်ခု မတ် ၂၁ (ယနေ့) နံနက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး ပြည်သူလူထုအကြားတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တစ်မိနစ်နှင့်လေးစက္ကန့်သာရှိသည့် ဗီဒီယိုဖိုင်တွင် အသားဖြူဖြူ အသက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး Junction City ရှေ့အရောက်တွင် လမ်းလျှောက်နေရာမှ ရုတ်တရက် နောက်ပြန်လဲကျသွားခဲ့သည်ကို တွေ့ရသည်။ အဆိုပါ လဲကျသွားသူမှာ မြန်မာနိုင်ငံသားဟုတ်မဟုတ်ကို မသိရှိရသေးကြောင်း ဒေါက်တာခင်ခင်ကြီး က ပြောသည်။

ယခုလ ၁၇ ရက်နေ့ကလည်း Juction City အနီးတွင် အသက် ၃၄ နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ဦး ရုတ်တရက်လဲကျခဲ့သည်ဆိုသည့် သတင်းများပျံ့နှံ့ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါအမျိုးသားမှာ covid-19 မရှိကြောင်း မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအမျိုးသားမှာ Junction Ctiy ရှိ Pan Pacific Yangon ဟိုတယ်၏ ဧည့်သည်တစ်ဦးဖြစ်ပြီး နေမကောင်းသဖြင့် ဟိုတယ်မှဆရာဝန်ကို ပြောပြထားရာမှ လိုအပ်သည့်ဆေးစစ်မှု ခံယူခဲ့ခြင်းဖြစ်ကြောင်း Junction City Tower မှ မီဒီယာပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးမွန်သူ က ပြောသည်။

Junction Ctiy, Junction City Tower နှင့် Pan Pacific တို့မှာ ပုံမှန်အတိုင်း ဖွင့်လှစ်လည်ပတ်သွားမည် ဖြစ်ကြောင်း မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ ၁၈၇ ဦးနှင့် သံသယလူနာ ၂ ဦးစုစုပေါင်း ၁၈၉ ဦးရှိပြီး ၁၇၆ ဦးတွင် ရောဂါပိုးမတွေ့ရဘဲ ကျန် ၁၃ ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၊ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button