
နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ လူ ၁၀၀ကျော်မှာလည်း ဆေးကုသမှု ခံယူနေရသည်။ ထိုလေပြင်းကြောင့် လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာမှ နေအိမ် ၇၇ လုံးနှင့် အောင်မြင်ကုန်းကျေးရွာမှ နေအိမ် ၁၅၅ လုံး ထိခိုက်ပျက်စီးခဲ့သည်။