ရုပ်သံသတင်း

လက်ဖျားမှာ ငွေသီးသည့် ‘ရွှေမည်း’ စီးပွားရေး

မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည် စသည့်ဒေသတစ်ဝိုက်တွင် မိရိုးဖလာ တောင်သူအလုပ်ကို စိတ်ဝင်စားမှု မရှိတော့ဘဲ ဒေသအခေါ် ဆံပင်ဖျင်သည့်လုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိနေပြီး ကြောင်း ဒေသခံများက ပြောသည်။

ဆံပင်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ့် စသည့်နိုင်ငံများမှ ကုန်ကြမ်းအဖြစ် ဝယ်ယူကာ ဆံပင်ရုံမှာဖြစ်စေ၊ အိမ်မှာပင်ဖြစ်စေ လက်ဖြင့်ဖျင်ခြင်း၊ စီခြင်း၊ အတိုအရှည်ညီရာ အတွဲစည်းပြီး တရုတ်သို့တင်ပို့ခြင်းများကို လုပ်ကိုင်သည့် လုပ်ငန်းမှာ အတော်ပင် စီးပွားဖြစ်ပြီး ဒေသခံတို့ ကောင်းစွာချမ်းသာလာကြသည်ကို Myanmar Now မကြာခင်က ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရသည်ကို ရိုက်ကူးတင်ဆက်ထားပါသည်။

သတင်း – မြတ်ကျော်သူ၊ ရုပ်သံရိုက်ကူး/တည်းဖြတ် – စိုင်းဇော်

[youtube https://youtu.be/neUlOI-vZ9g]

Related Articles

Back to top button