အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်ဖျားမှာ ငွေသီးသည့် ‘ရွှေမည်း’ စီးပွားရေး

မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည် စသည့်ဒေသတစ်ဝိုက်တွင် မိရိုးဖလာ တောင်သူအလုပ်ကို စိတ်ဝင်စားမှု မရှိတော့ဘဲ ဒေသအခေါ် ဆံပင်ဖျင်သည့်လုပ်ငန်းမှ ဝင်ငွေတိုးတက်ရရှိနေပြီး ကြောင်း ဒေသခံများက ပြောသည်။

ဆံပင်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ့် စသည့်နိုင်ငံများမှ ကုန်ကြမ်းအဖြစ် ဝယ်ယူကာ ဆံပင်ရုံမှာဖြစ်စေ၊ အိမ်မှာပင်ဖြစ်စေ လက်ဖြင့်ဖျင်ခြင်း၊ စီခြင်း၊ အတိုအရှည်ညီရာ အတွဲစည်းပြီး တရုတ်သို့တင်ပို့ခြင်းများကို လုပ်ကိုင်သည့် လုပ်ငန်းမှာ အတော်ပင် စီးပွားဖြစ်ပြီး ဒေသခံတို့ ကောင်းစွာချမ်းသာလာကြသည်ကို Myanmar Now မကြာခင်က ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရသည်ကို ရိုက်ကူးတင်ဆက်ထားပါသည်။

သတင်း – မြတ်ကျော်သူ၊ ရုပ်သံရိုက်ကူး/တည်းဖြတ် – စိုင်းဇော်

[youtube https://youtu.be/neUlOI-vZ9g]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles