အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

ယမန်နေ့ (မတ် ၂၈) မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရသည်။

ပစ်ခတ်ခံရသူမှာ ဂွေ့ကြီးကုန်းရွာမှ အသက် ၅၃ နှစ်အရွယ် ဦးသန်းနိုင်ဦးဆိုသူဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင် အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ပုဆိုးနှင့် လက်ရှည်အင်္ကျီဝတ်ဆင်ထားသော အမျိုးသားတစ်ဦး စားသောက်ဆိုင်ဟု ယူဆရသည့် နေရာတွင် လဲကျနေပြီး သွေးထွက်လွန်သဖြင့် ကြမ်းပြင်ပေါ်တွင်ပင် သွေးအိုင်ထွန်းနေသည်ကို ထိုဓာတ်ပုံတွင် တွေ့ရသည်။

လက်မောင်းနှင့် ရင်ညွန့်တွင် ကျည်ဖောက်ဝင်သွားသဖြင့် မန္တလေးဆေးရုံသို့ ပို့လိုက်သည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဆိုင်ကယ်နှင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်ဟု ရေးထားကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးသန်းနိုင်ဦးသည် အမှုတစ်ခုကို တရားရုံးတွင် ရင်ဆိုင်ပြီးနောက် ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ပစ်ခတ်ခံရကြောင်း၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ လိမ်လည်ရန်အလို့ငှာ တံဆိပ်တုပပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ဖြင့် တိုင်ကြားထားသော အမှု၏ တရားလိုမှာ သူ၏နှမဖြစ်သူ မသင်းသင်းခိုင် ဖြစ်ကြောင်းလည်း စစ်ကောင်စီ ဝါဒဖြန့် စာမျက်နှာများတွင် ဖော်ပြထားသည်။

အမှုအကြောင်း ပိုမို သိရှိနိုင်ရန် Myanmar Now က ပုသိမ်ကြီးတရားရုံးသို့ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။ မန္တလေးဆေးရုံကြီး၊ ပုသိမ်ကြီးရဲစခန်းတို့ကိုလည်း အဆိုပါ ပစ်ခတ်မှု နောက်ဆက်တွဲ ဖြစ်စဉ်နှင့် ပတ်သက်၍  ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

Urban Guerrilla Force အမည်ရ မန္တလေးမြို့အခြေစိုက်ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ဦးသန်းနိုင်ဦးကို ၎င်းတို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ပုသိမ်ကြီးရဲစခန်းအနီး ပုသိမ်ကြီးတရားရုံးရှေ့တွင် အနီးကပ် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်၊ ဦးသန်းနိုင်ဦးမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လူငယ်များ အဖမ်းခံရစေရန် စစ်ကောင်စီကို သတင်းပေးခဲ့သူဖြစ်သည်ဟုလည်း သူက စွပ်စွဲလိုက်သည်။

“ပြည်သူတွေ အိမ်တွေ ချိပ်ပိတ်ခံရအောင် သတင်းပေး၊ ကလေးတွေ ဖမ်းခံရအောင် သတင်းပေးတဲ့ ဒလန်အကြီးစားပါ။ သူ့ကြောင့် အိမ်တွေ ချိပ်ပိတ်ခံရတာတွေလည်း ရှိပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

“ရင်ဝတစ်ချက်၊ ကျန်တစ်ချက်က လှည့်ပြေးခဲ့ရလို့ မသိရဘူး။ ဒဏ်ရာပြင်းထန်တယ်၊။ လတ်တလောတော့ ရဲဘော်တွေ အန္တရာယ်ကင်းသွားပြီ”

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှု ဖြစ်ပွားသည့် အနီးဝန်းကျင်ရှိ နေအိမ်တချို့ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ဦးသန်းနိုင်ဦးသည် အာဏာသိမ်းတပ်ကို သတင်းပေးခဲ့သူဖြစ်သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အာဏာသိမ်းတပ်၏ ဝါဒဖြန့် စာမျက်နှာများကမူ ဦးသန်းနိုင်ဦးမှာ သာမန်ပြည်သူဖြစ်သည်ဟု ရေးထားကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button