အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ICJ တွင် ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲမှုများကို UEHRD က တုံ့ပြန်ငြင်းဆန်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားသည့် ကြားနာမှုအတွင်း တရားလိုရှေ့နေ၏ စွပ်စွဲချက်ကို “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” (UEHRD) က ပြန်လည် တုံ့ပြန်လိုက်သည်။

ယမန့်နေ့ (ဒီဇင်ဘာ ၁၀ ရက်) က နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့တွင် ကြားနာနေသည့်တရားခွင်တွင် ဂမ်ဘီယာဘက်မှ “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” (UEHRD) ကို “လူမျိုးသုဉ်းသတ်ဖြတ်ရေး၏ အစိတ်အပိုင်းတစ်ခု” ဟု ပြောဆိုသွားသည်။

ထို့ပြင် မွတ်စလင်များ မူရင်းနေထိုင်ခဲ့သည့် နေရာများကို ရှင်းလင်းပြီး သိမ်းယူရာတွင် UEHRD က ဦးဆောင်ပါဝင်နေသည်ဟု ပြောဆိုသွားသည်။

“မြေနေရာ သိမ်းယူသည့်ကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စွပ်စွဲမှုများကို UEHRD က တိကျပြတ်သားစွာ ငြင်းဆိုလိုက်သည်။ ယင်းကဲ့သို့ မြေနေရာသိမ်းယူခြင်းကို ၎င်းတို့အနေနှင့် မည်သည့်အခါကမျှ ပြုလုပ်ခဲ့ခြင်း မရှိ” ဟု ယနေ့ ထုတ်ပြန်သည်။

ထို့ပြင် “ပြန်လည်လက်ခံရေးနှင့် ယာယီနားနေရန် နေရာများ ဆောက်လုပ်ရာတွင် ရခိုင်အစိုးရက ထောက်ပံ့သည့် မြေနေရာများကို အသုံးပြုခဲ့သည်” ဟု UEHRD ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံကို တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ တရားစွဲဆိုထားသည့်အမှုကို ယမန်နေ့က စတင် စစ်ဆေးနေပြီး တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ နှစ်ရက်နှင့် မြန်မာနိုင်ငံဘက်မှ နှစ်ရက် စုစုပေါင်း လေးရက် ကြားနာမည်ဖြစ်သည်။

ယနေ့ ညနေ မြန်မာစံတော်ချိန် ၃ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံဘက်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြန်လည်ချေပမည်ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button