သတင်း

NCA အပစ်ရပ်စာချုပ်ကို တပ်မတော်ချိုးဖောက်ဟု မွန်ပြည်သစ်စွပ်စွဲ

မြန်မာထိုင်း နယ်စပ်ရှိ ၎င်းတို့၏ တပ်စခန်းတစ်ခုကို တပ်မတော်က သိမ်းယူထားခြင်းသည် အပစ်ရပ်စာချုပ် (NCA) ကို ချိုးဖောက်နေခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဘက်က စွပ်စွဲလိုက်ပြီး အမြန်ဆုံး ဖြေရှင်းပေးရန် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) သို့ စာပို့တိုင်ကြားခဲ့သည်ဟု ကော်မတီအတွင်းရေးမှူးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က ကရင်ပြည်နယ် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းရွာအနီး တပ်မတော်နှင့် မွန်ပြည်သစ်ပါတီအကြား အပြန်အလှန် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့၏ တပ်စခန်းကိုလည်း တပ်မတော်က သိမ်းထားကြောင်း မွန်ပြည်သစ်ဘက်က စွပ်စွဲထားခြင်းဖြစ်သည်။ ယင်းတိုက်ပွဲကြောင့် ဒေသခံ ၁,၀၀၀ ခန့် ထိုင်းဘက် ထွက်ပြေးသွားခဲ့ရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၈ ဖေဖော်ဝါရီလတွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

“NCA ကို (ချိုးဖောက်တယ်) ဆိုပြီး (တိုင်ကြား) တယ်ပေါ့နော်။ မွန်ပြည်သစ်ပါတီကနေ တရားဝင်တိုင်ကြားစာ ရေးထားတယ်။ ကျွန်တော်တို့က အစိုးရဘက်နှင့် တပ်မတော်ဘက်ကို ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ စာပို့မှာပေါ့နော်ဟု JMC-U အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ပြောသည်။

မွန်ပြည်သစ်ဘက်က ပို့သည့် တိုင်ကြားစာကို အသေးစိတ် မဖတ်ရသေးကြောင်း၊ ယင်းကိစ္စအပေါ် တပ်မတော်နှင့် အစိုးရဘက်ကို အရင်ဆုံး အကြောင်းကြားစာပို့ပြီးလျှင် ဆက်လက်ဖြေရှင်းသွားမည်ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

နှစ်ဖက်အကြား တင်းမာမှုကို ဖြေရှင်းရန် မွန်ပြည်သစ်နှင့် ပြည်နယ်အဆင့်ညှိနှိုင်းရေး အဖွဲ့များမှတဆင့် ဆွေးနွေးသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

မွန်ပြည်သစ်၏‘ဂျပန်ရေတွင်းတပ်စခန်း’ ကို သိမ်းပိုက်ထားခြင်းမဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်သည့်အတွက် ခေတ္တထိန်းသိမ်းထားခြင်းသာ ဖြစ်ကြောင်းလည်း တပ်မတော်အရာရှိကပြောသည်။

ကျွန်တော်တို့နဲ့ မွန်ပြည်သစ်ကြားမှာ မဖြေရှင်းနိုင်စရာ ပြဿနာမရှိပါဘူး” ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ၏ အဆိုအရ နှစ်ဖက်အကြား နိုဝင်ဘာလ ၂၇ ရက်နေ့ တိုက်ပွဲသည်နယ်ခြားပြဿနာဖြေရှင်းရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ၎င်းတို့ထိန်းချုပ်ရာနယ်မြေသို့ တပ်ဘက်က သဘောတူညီမှုရသည်အထိ မစောင့်ဆိုင်းဘဲ ဝင်လာသောကြောင့် ဖြစ်ပွားခဲ့ရသည်ဟုဆိုသည်။

တပ်မတော်၏ အဆိုပါလုပ်ရပ်သည် NCA စာချုပ် အခန်း () အပိုဒ် () အပိုဒ်ခွဲ () ပါ တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်ထားသော နယ်မြေအတွင်း လက်နက်ဖြင့်သွားလာရန်လိုအပ်ပါက နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်ဖြင့် သွားလာရန် ဆိုသည့်အချက်နှင့် သွေဖည်နေသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ဒီဇင်ဘာ ရက်နေ့တွင် မော်လမြိုင်ဆက်ဆံရေးရုံး၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောသည်။

၂၀၁၂ ခုနှစ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ၂၀၁၈ တွင် ချုပ်ဆိုခဲ့သည့် NCA စာချုပ်တွင် ဂျပန်ရေတွင်းတပ်စခန်းသည် မွန်ပြည်သစ် တပ်တည်နေရာအဖြစ် အတည်ပြုထားကြောင်း နိုင်ဝင်းလှကဆက်ပြောသည်။

၂၀၁၇ မှာလည်းပဲ အလားတူပေါ့၊ ကျွန်တော်တို့ တပ်တည်စခန်းတွေကို နေရာဝင်ယူပြီး ပြန်လွှဲမပေးတာ ရှိခဲ့ဖူးတော့လေ။ ဒီတစ်ခေါက်လည်း အလားတူဖြစ်မလား။ ဒါမဟုတ်လည်းပဲ ဟိုတုန်းကတော့ NCA မထိုးသေးဘူး အခုတော့ NCA ထိုးပြီဆိုတော့ ထားခဲ့တဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာပြီး ပြန်လွှဲပေးမလား အဲဒါက သူတို့အပေါ် မူတည်ပါတယ်ဟု

၎င်းက မော်လမြိုင်ဆက်ဆံရေးရုံး၌ သတင်းထောက်များကို ဒီဇင်ဘာ ရက်နေ့တွင် ပြောသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမောင်မောင်လတ်ကမူ ၎င်းတို့တပ်များသည် နယ်ခြားပြဿနာ ဖြေရှင်းရန် မြေပြင်ကွင်းဆင်းစဉ် ကြိုတင်အကြောင်းကြားထားသည့်ကြားမှ မွန်ပြည်သစ်ဘက်က စတင်ပစ်ခတ်ခဲ့သည့်အတွက် ယင်းနေရာအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရခြင်းဟု နိုဝင်ဘာ ၂၈ ရက်နေ့ကပြောသည်။

ထပ်မံ၍ ဒီဇင်ဘာ ရက်နေ့ညတွင် ဂျပန်ရေတွင်းရွာအနီးမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ဘုရားသုံးဆူမြို့မှ အတိုင်းသားကြားခဲ့ရသည်ဟု ဒေသခံများက ပြောခဲ့ပြီး ယင်းပစ်ခတ်မှုတွင် မွန်ပြည်သစ်ပါတီဘက်က မပါဝင်ခဲ့ကြောင်း နိုင်ဝင်းလှက ပြောသည်။

ဒီဇင်ဘာ ရက်နေ့က မွန်ပြည်သစ်ပါတီတာဝန်ရှိသူများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ မော်လမြိုင်ရှိ ရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြေလည်မှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီသည် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်မှတ်ရေးထိုးခဲ့သော်လည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တွင်သာ ပါဝင်ခဲ့ပြီး ပြည်နယ်/တိုင်းဒေသကြီးအဆင့် တွင် ပါဝင်နိုင်ခြင်းမရှိသေးပါ။

Show More

Related Articles

Back to top button