အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ လားရှိုး – နမ္မတူလမ်းဘေး တိုက်ပွဲဖြစ်ပြီး ဒေသခံများ ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၂၉ — ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ ဖြစ်သည့် RCSS နှင့် SSPP တို့သည် ရှမ်းပြည်မြောက်ပိုင်း လားရှိုး-နမ္မတူလမ်းပေါ်ရှိ အီနိုင်းကျေးရွာအနီး ယမန်နေ့ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၄၀၀ ကျော်သည် လားရှိုးမြို႔ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဒေသခံများ၏ အဆိုအရ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/SSA တို့သည် ယမန်နေ့ ည ၉ နာရီ ခန့်မှစ၍ ညဉ့်သန်းခေါင်အထိ တိုက်ခိုက်ခဲ့ကြပြီး လက်နက်ကြီး ပစ်ခတ်သံများပါ ကြားခဲ့ရသည်။

SSPP/SSA ဘက်က ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် တအာင်း/ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖွယ်ရှိကြောင်းလည်း ဒေသခံများကဆိုသည်။

ထွက်ပြေးလာသူများသည် ယနေ့မနက် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာမှ ၁၀ မိုင်ခန့်ကွာဝေးသည့် လားရှိုးမြို့မန်ဆူဘုန်းကြီးကျောင်းသို့ ရောက်ရှိလာကြောင်း ကမ္ဘောဇနာရေးကူညီမှုအသင်း၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမင်းနိုင်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခုအထိကိုလာနေတုန်းပဲ ရုတ်တရက်ရွှေ့ပြောင်းရတာဆိုတော့ စားရေးသောက်ရေးကအဓိက လိုအပ်နေတယ် ” ဟု သူကပြောသည်။

အီနိုင်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းရောက် စစ်ရှောင်ဒုက္ခသည်များ (ဓာတ်ပုံ – မြတ်မိုးသူ)

ဒေသတွင်း စစ်ပွဲအရှိန် မြင့်တက်နေခဲ့သော်လည်း ဒေသခံအချို ့သည် သီးနှံရိတ်သိမ်းကာလ ဖြစ်သည့်အတွက် နေရပ်ကို စွန့်ခွာရန် ငြင်းဆန်ခဲ့ကြကြောင်းလည်း ကချင်စစ်ရှောင်တာဝန်ခံ ဦးဇော်ရော်က ပြောသည်။

နေရပ်စွန့်ခွာရန် ငြင်းဆန်နေသည့် ကချင်စစ်ရှောင် ၂၀၀ ခန့် ရှိပြီး ၎င်းတို့အား အီနိုင်းကျေးရွာရှိ ခရစ်ယာန်နှစ်ခြင်း ဘုရားကျောင်းတွင် စုပေါင်းထားရှိကြောင်း ၎င်းကပြောသည်။

အီနိုင်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA နှင့် RCSS/SSA ပြောရေးဆိုခွင့်ရှိသူများအား Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ၊ သီပေါ၊ လားရှိုး စသည့် မြို့နယ်များတွင် အောက်တိုဘာ ၂၃ ရက်နေ့မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ဒေသခံ ၉၀၀ ခန့် နမ္မတူမြို့ပေါ်သို့ ထွက်ပြေးခဲ့ရသေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button