အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NRPC နှင့် ဆွေးနွေးပွဲကို ကချင်လက်နက်ကိုင်အဖွဲ့ အကောင်းမြင်

နေပြည်တော် – အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မည်ဟု ဆွေးနွေးပွဲ  တက်ရောက်ခဲ့သည့် ကချင်လက်နက်ကိုင်အဖွဲ့  KIO/KIA မှ ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော် NRPC တွင် ယနေ့(မတ် ၂၁)မနက် ၁၀ နာရီမှစ၍ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲရလဒ်အပေါ် ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။

“နိုင်ငံရေးအရ အဖြေရှာတဲ့အခါမှာ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးရေးက သိပ်ပြီးတော့ အရေးပါပါတယ်၊ အကျိုးလည်း ရှိမယ်လို့ မျှော်လင့်တယ် ” ဟု KIO/KIA ဗဟိုကော်ဝင် ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

အစိုးရနှင့် KIA တို့သည့် တရားဝင်၊ အလွတ်သဘောတွေ့ဆုံမှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ NRPC နှင့် အလွတ်သဘော တစ်ကြိမ် တွေ့ဆုံခဲ့သေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆွေးနွေးပွဲသို့ ‘ဝ’ လက်နက်ကိုင်အဖွဲ့ UWSP/UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA၊ တအာင်းလက်နက်ကိုင်အဖွဲ့ PSLF/TNLA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNTJP/MNDAA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ PSC/NDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/ AA တို့အပြင် FPNCC အဖွဲ့ဝင်မဟုတ်သည့် ကရင်နီတိုးတက်ရေးပါတီ KNPP မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ထိုအဖွဲ့များမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရသေးပေ။

KIO/KIA ဘက်မှ ဗိုလ်မှူးကြီး ခွန်နောင်အပါအဝင် ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ပြီး နှစ်ဖက်သဘောတူ Bilatral ရေးထိုးနိုင်ရေးကိစ္စနှင့် စစ်ရှောင်များ နေရပ်ပြန်ရေးကိစ္စတို့ကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကလည်း NRPC နှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသော လက်နက်ကိုင် ၈ ဖွဲ့တို့ တွေ့ဆုံမှုသည် ပထမဦးဆုံး အကြိမ်ဖြစ်ပြီး ရှေ့ဆက် လုပ်ငန်းစဉ်များအတွက် ခြေလှမ်းကောင်း ဖြစ်ကြောင်းနှင့် KIO/KIA အဖွဲ့နှင့် ဧပြီလဆန်းတွင် ပြန်လည်တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြောသည်။

လက်နက်ကိုင် ၈ ဖွဲ့လုံးနှင့် ၂ လတစ်ကြိမ် ပုံမှန်တွေ့ဆုံရန်လည်း အစိုးရဘက်က အဆိုပြုထားသည်ဟု သိရသည်။

ဆွေးနွေးပွဲပြီးသည့်နောက် ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်ပွဲများ လျှော့ချနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ကြိုးပမ်းကြရေး ဆိုသည့်အချက် အပါအဝင် အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button