အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နမ္မတီးမြို့အနီးတိုက်ပွဲဖြစ်၊ ဒေသခံတို့ ထွက်ပြေးရ

သြဂုတ် ၁၁ ရက်နေ့က ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ကဆုန်ကျေးရွာအနီး တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်သောကြောင့် ရာနှင့်ချီသော ဒေသခံများ တိမ်းရှောင်ကြရသည်ဟု  မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောသည်။

“နေ့လယ် ၁ နာရီလောက်က ဖြစ်တာလို့တော့ ကြားတယ်။ လောလောဆယ် စစ်ရှောင်တွေက လမ်းခွရွာကို ရောက်နေတယ်” ဟု ဦးဝင်းနိုင်က ပြောသည်။

ညနေ ၄ နာရီခွဲခန့်တွင် ရောက်လာသော စစ်ဘေးရှောင် အရေအတွက်မှာ ၆ဝဝ ခန့်  ရှိသွားပြီ ဖြစ်သည်ဟု  လမ်းခွကျေးရွာရှိ ခရစ်ယာန်နှစ်ခြင်းအသင်းတော်မှ သင်းထောက်ဆရာ ဦးဆိန်ဂေါင်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် စစ်ဘေးရှောင်များ စတင်ရွှေ့ပြောင်းလာကြောင်း၊ ၎င်းတို့ကို  လမ်းခွကျေးရွာရှိ ခရစ်ယာန်နှစ်ခြင်းအသင်းတော်၊ ကက်သလစ် အသင်းတော် အဆောက်အအုံတို့တွင် နေရာထိုင်ခင်းများ စီစဉ်ပေးထားသည်ဟု ဦးဆိန်ဂေါင်က ပြောသည်။

“ အခုရောက်လာတဲ့ သူတွေက ဘာမှ မပါလာဘူးဆိုတော့ စိတ်အားငယ်တဲ့ အပိုင်းတော့ ရှိတာပေါ့” ဟု ဦးဆိန်ဂေါင်က ဆိုသည်။

ကဆုန်ကျေးရွာတွင် ကျန်ရစ်ခဲ့သည့် ဒေသခံ ၂ဝဝ ခန့်ကို    သွားရောက် ခေါ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲအများအပြား ဖြစ်ပွားတတ်သည့် ကချင်ဒေသတွင် စစ်ပြေးဒုက္ခသည် သောင်းဂဏန်းအထိ ရှိသည်ဟု လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button