
စစ်အာဏာမသိမ်းခင်က ပုဂ္ဂလိကျောင်းတစ်ခုတွင် စာသင်ကြားရင်း ပညာဒါနကျောင်းတစ်ခုကို ဦးစီးလုပ်ကိုင်ခဲ့သည့် လူငယ်ကျောင်းဆရာ တစ်ဦးသည် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာခဲ့သည်။
ရန်ကုန်မြို့မှ အသက် ၂၅နှစ်အရွယ် ကိုသားထက်ဇော်သည် လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ်ရှိ ‘မင်းသုဝဏ်ကျောင်း’ တွင် စစ်ဘေးရှောင်များနှင့် နိုင်ငံရေးကြောင့်တိမ်းရှောင်ရသူများ၏ ကလေးများကို စာသင်ကြားပေးနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=mrI2KK2ldtk]