
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က မိုးတားလေးကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၈နေ့ မနေ့ညနေပိုင်းက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကြောင့် ၃နှစ်အရွယ်ကလေးမိခင်တစ်ဦးနဲ့ အသက် ၆၀ကျော်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း ၇ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကသာမြို့နယ်၊ ချောင်းဝရွာကနေ ထွက်လာတဲ့ တပ်မ ၈၈ လက်အောက်ခံ အမှတ် ၇၇ ခြေလျင်တပ်ရင်းက အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ကြားဖြတ်ခိုက်ခဲ့ပါတယ်။
မနက် ၁၁နာရီကျော်ကနေ ညနေ ၄နာရီအထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာတဲ့ စစ်ကောင်စီတပ်က ညနေ ၄နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)
[youtube https://www.youtube.com/watch?v=q0kQQcNm2FI]