အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းမူတွင် ပျူစောထီးနှင့် စစ်ဗိုလ် စီးလာသည့်ကား ပစ်ခတ်ခံရ

စစ်သားနှစ်ဦးနှင့် ပျူစောထီး ခေါင်းဆောင်တစ်ဦး လိုက်ပါလာသည့် မော်တော်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယမန်နေ့ (ဇန်နဝါရီ ၂၂) တွင် စစ်ကိုင်းတိုင်းအတွင်း တားဆီးစစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး အထိအခိုက်အကျအဆုံးရှိသည်ဟု သိရသည်။

စစ်ဆေးသည့် နေရာမှာ စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်အရှေ့ဘက် ပျော့ရွာနှင့် နဘဲကြူးရွာအကြား ဖြစ်သည်ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော် ခင်သောင်းက ပြောသည်။

“နဘဲကြူးရွာနားမှာ တားစစ်တဲ့အချိန် ပစ်ခတ်မှုဖြစ်တာ။ သူတို့ကလည်း ပြန်ပစ်တော့ ကိုယ်လူတွေကလည်း နောက်ကို ဆုတ်ရင်း ပစ်ရတယ်။ အပြန်အလှန်ပစ်ပြီးတော့ သူတို့က ကားကို ထားခဲ့ပြီးတော့ ပစ်ရင်း ပြေးတယ်။ ညီမတို့ဘက်ကလည်း လိုက်ပစ်တာပေါ့” ဟု ထိုအမျိုးသမီးက ဆိုသည်။

“ကားကလည်း ထိမှန်ထားတာ။ လူရှိနေလား။ မရှိနေလား မသေချာတဲ့အတွက် ကားကိုလည်း လက်ပစ်ဗုံးနဲ့ ပစ်ပြီး ဖျက်ဆီးလိုက်ရတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

PDF တို့ ရင်ဆိုင်ခဲ့ရသူများမှာ ကျားခင်စိန်ဟု အမည်ခံယူထားသည့် စစ်ကိုင်းမြို့နယ် ကြွယ်ပုံရွာခံ ပျူစောထီးခေါင်းဆောင် မနီလာသန်း၊ ဗိုလ်ကြီး ၁ ဦး၊ တပ်သား ၁ ဦး ဖြစ်သည်ဟု သိရသည်။

မြင်းမူမြို့အရှေ့ဘက်ရှိ ပြည်သူ့စစ် ခေါ် ပျူစောထီး အားကောင်းသည့် ထီးဆောင်ရွာမှ စစ်ကိုင်းမြို့သို့ ပြန်ချိန်တွင် PDF နှင့် တွေ့ကြခြင်း ဖြစ်သည်။

PDF များက လိုက်လံပစ်ခတ်ရာ ကျားခင်စိန်ဆိုသူ သေဆုံးခဲ့ပြီး စစ်အရာရှိ ဒဏ်ရာရသွားသည်ဟု သိရကြောင်း ရဲဘော်ခင်သောင်းက ပြောသည်။

“ကျားခင်စိန်ကတော့ ပြေးရင်းနဲ့ သေသွားတယ်။ သုံးပွင့်ဗိုလ်တစ်ယောက်ကလည်း ဆေးကုရင်းနဲ့ သေသွားတယ်လို့ ဒီမနက် သတင်းရတယ်” ဟု ၎င်းက ပြောသည်။

မြင်းမူမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်ကောင်စီတပ်က အကြမ်းဖက် PDF ကို တိုက်ခိုက်ရန်ဟု ဆိုကာ ဒေသတချို့တွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့ကာ လက်နက် တပ်ပေးထားသည်။ ဒေသခံတို့က ၎င်းတို့ကို  ပျူစောထီးများဟု ခေါ်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button