အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ဖားကန့်တွင် ဓားစာခံအများအပြားသုံးပြီး စစ်ကြောင်းထိုးနေ 

ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်မှ  ကာမိုင်းမြို့ဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်က လမ်းတစ်လျှောက်ရွာများမှ ဒေသခံ အများအပြားကို ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုနေကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၃၀ တွင် ဖားကန့်ဘက်မှ ထွက်လာသည့်  စစ်ကြောင်းတစ်ခုသည် ဖားကန့်-ကာမိုင်းလမ်းတွင်  တံတားညီနောင်၊ ခွမ်စိုင်၊ ပျားအုံ စသည့် ကျေးရွာများမှာ ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးသွားကြောင်း PDF အဖွဲ့နှင့် နီးစပ်သူ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ ဖားကန့်မြို့အရှေ့ဘက် မိုင် ၂၀ ကျော်ခန့်အကွာတွင်ရှိသည့် နန့်ယားရွာသို့ ဒီဇင်ဘာ ၁  ညဦးပိုင်းတွင် ရောက်ရှိခဲ့ပြီး ဓားစာခံအားလုံးကို ထိုရွာအနီး စစ်စခန်းအတွင်း ထိန်းသိမ်း ထားသည်ဟု ဆိုသည်။

စစ်ရေးတင်းမာနေသည့် ဖားကန့်-ကာမိုင်း လမ်းပိုင်းတွင် စစ်ကောင်စီတပ် မကြာခဏ ကြားဖြတ်တိုက်ခိုက်ခံရလေ့ရှိ ပြီး ယခုကဲ့သို့ လူအင်အားအများအပြားကို ဖမ်းဆီးသွားခြင်းသည် ပေါ်တာ ခေါ်  ပစ္စည်းသယ်ပိုးသူ အဖြစ် ခိုင်းစေ အသုံးပြုရန်သာမက တိုက်ခိုက်မှုမှ အကာအကွယ် ရစေရန် ဓားစာခံအဖြစ်  အသုံးပြုခြင်းလည်းဖြစ်သည်ဟု အထက်ပါအမျိုးသားက ယူဆသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သူတို့က(စစ်ကောင်စီတပ်)လူသားတံတိုင်းအနေနဲ့လုပ်တာလေ၊ သူတို့စစ်ကြောင်း မခံရအောင်ပေါ့နော်၊ ဒီဘက် (KIA) ကနေ ဝင်တိုက်တာတွေ မခံရအောင် လူသားတံတိုင်းအနေနဲ့ သူတို့သုံးတာ” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ညက နန့်ယားရွာရောက်လာသည့် စစ်တပ်က နန့်ယားရွာတွင်လည်း တစ်အိမ်တက်ဆင်း လိုက်လံ ဖမ်းဆီးရာ  ဒေသခံ  ၁၆ ဦး အဖမ်းခံရသည်ဟု  ရွာခံတစ်ဦးက ပြောသည်။

“ဖားကန့်က ဆင်းလာတဲ့ လှုပ်ရှားတပ်ပေါ့၊ အထိုင်တပ်မဟုတ်ဘူး၊ မနေ့ညက ၈ နာရီလောက်မှာ ရပ်ကွက်(၃)မှာ သွားပြီးတော့ အိမ်တွေကို လိုက်လံ မွှေနှောက်ရှာပြီးတော့မှ ရှိတဲ့ ယောက်ျားတွေကို ဖမ်းသွားတာ၊ တချို့က လမ်းပေါ်မှာ တွေ့တာတွေကို ဖမ်းခေါ်လာတာလည်းပါတယ်” ဟု အထက်ပါ ရွာခံ အမျိုးသားက ပြောသည်။

၁၆ ဦးထဲမှ အသက်ကြီးသည့် ဒေသခံ ၃ ဦးကို ပြန်လွှတ်ပေးပြီး  ကျန် ၁၃ ဦးကို ဖမ်းခေါ်ပြီး ကာမိုင်းမြို့သို့ စစ်ကြောင်းဆက်ထိုးသွားသည်ဟု သိရသည်။

ဖမ်းဆီးထားသည့် ဒေသခံများထဲမှ ကားသမားအချို့ကို ယမန်နေ့နံနက်က ပြန်လွှတ်လိုက်သည်ဟု သိရသော်လည်း ပြန်လွတ်လာသူ အရေအတွက်၊ အမည်၊ အသက်အရွယ်တို့ကို  မသိရပေ။

ယခုနှစ် ဖေဖော်ဝါရီလဆန်းက ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ နန့်ယားရွာအနီး ကပ်မှော်ရွာတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်းအချို့နှင့် KPDF များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အများအပြား သေဆုံးခဲ့သည်။

တိုက်ပွဲသတင်းများကို စစ်ကောင်စီက အမှောင်ချထားတတ်သည်။

ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်လာသည့် တိုင်းရင်းသား ဒေသများတွင် ကချင်ပြည်နယ်လည်း ပါဝင်ခဲ့သည်။

ကျောက်စိမ်းတွင်းမှ အကျိုးအမြတ်မှာ စစ်တပ်အတွက်သာမက  KIA အဖွဲ့အတွက်လည်း အရေးပါနေသည်။

နှစ်ဦးနှစ်ဘက်အကျိုးစီးပွား ရှိနေသည့် ဖားကန့်တွင် ပြုလုပ်သော KIA ၏ အောက်တိုဘာလ အခမ်းအနားတစ်ခုကို  စစ်တပ်က ဗုံးကြဲတိုက်ခိုက်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles