အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အင်းတော်တွင် တိုက်ပွဲဖြစ်၊ စစ်တပ်က ဒေသခံလူငယ် ၂၀ ထက်မနည်းကို ဖမ်းဆီး 

ကချင်ပြည်နယ်အစပ် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)/PDF ပူးပေါင်းတပ်တို့ နှစ်ရက်တာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဒေသခံ လူငယ် ၂၀ ထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ယခုလ ၁၃ ရက် နံနက်က အင်းတော်မြို့ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ နန်းမကြိုင်းရွာဘက်သို့ စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာစဉ် KIA/PDF ပူးပေါင်းတပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး အနည်းဆုံး ၆ ဦး ဒဏ်ရာရသည်ဟု အင်းတော်-PDF ထံမှ သိရသည်။ 

စစ်ကောင်စီဘက်က ဒဏ်ရာရသူများကို ကသာမြို့တွင် ဆေးကုနေစဉ် တစ်ဦးထပ်မံသေဆုံးသည်ဟု သိရကြောင်းလည်း အင်းတော်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့တွင်လည်း ကသာနှင့် အင်းတော်တို့မှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် အင်းတော် မြို့နယ်အတွင်းရှိ နန်းမကြိုင်ရွာမှ တစ်မိုင်ခန့်အကွာ ကမ်းနီရွာထိပ်တွင် တိုက်ပွဲထပ်ဖြစ်သည်ဟု  သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်ကောင်စီတပ်တွေက ကမ်းနီရွာထိပ်လေးနားမှာပဲ ကားတွေပေါ်တက်ဖို့ စုနေတဲ့အချိန်မှာ ဝင်တိုက်လိုက်တော့ အထိနာသွားတာပေါ့” 

ထိုတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူများကို မှန်လုံကား များဖြင့် အင်းတော်မြို့တွင်းသို့ ပို့လိုက်သည်ဟု ဒေသခံများကို ကိုးကား၍ အင်းတော်-PDF က ဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သီးခြား အတည်မပြုနိုင်ပေ။

ကချင်ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်နေသော PDF တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ အောက်တိုဘာ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

စစ်တပ်က အင်းတော်မြို့ပေါ်မှ အင်အား ၃၀ ခန့်ခေါ်ယူ အင်အားဖြည့်ထားပြီး နားရခေါင်ရွာတွင် ယာယီ တပ်စွဲထားကာ အနီးဝန်းကျင် တောစပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

ယနေ့နံနက်တွင် စစ်ကြောင်းတစ်ခုမှာ အင်းတော်မြို့အနီး ကျန်အင်းရွာဘုန်းကြီးကျောင်း၌ ရောက်ရှိနေပြီး နောက်စစ်ကြောင်းမှာ နန်းခင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားသည်ဟု သိရသည်။နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပြီးနောက် စစ်တပ်က အင်းတော်မြို့ပေါ်မှ ဒေသခံများကို ဖမ်းဆီးနေသည်ဟု ဒေသခံအချို့နှင့် အင်းတော်-PDF ထံမှ သိရသည်။

နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် အင်းတော်မြို့ပေါ်မှ လူငယ် ၂၀ ခန့်ကို ၎င်းတို့ ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးခဲ့ပြီး အချို့ပြန်လွတ်သော်လည်း အများစုကို‌မူ ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

ယနေ့နံနက်တွင်လည်း အင်းတော်မြို့ပေါ်ရှိ နေရာအချို့တွင် စစ်ဆေးမှုများပြုလုပ်နေပြီး ပညာရေးမှူးရုံး အနီးတွင်မူ စစ်ကောင်စီတပ်က လူငယ်အချို့ကို အင်္ကျီများချွတ်ပြီး စစ်ဆေးနေသည်ဟု အသက် ၅၀ ခန့်ရှိ အင်းတော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုမနက်မြို့ထဲမှာ စစ်ဆေးရေးဂိတ်တွေလုပ်ပြီးတော့ အတင်းအကျပ်ကို စစ်နေတာ အခုညောင်ပင်စု ရပ်ကွက်မှာ လူငယ် ၃ ယောက်ကို လက်ပြန်ကြိုးတုပ်ပြီးတော့ ဖမ်းထားတယ်” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်ရေးများ ပေါ်ပေါက်နေရာ နိုင်ငံအ ထက်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွား နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။

စစ်ကိုင်း-ကချင်နယ်စပ်တွင်ရှိသည့် အင်းတော်၊ ကသာ၊ ထီးချိုင့်မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေပြီး အထိနာသည့် စစ်တပ်ကလည်း တော်လှန်ရေးကို နည်းလမ်းပေါင်း စုံဖြင့် နှိမ်နင်းနိုင်ရန် ကြိုးစားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles