အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KIO, KIA အရာရှိအချို့ မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံရ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ၎င်းတို့၏ အရာရှိတချို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ (နိုဝင်ဘာ ၁၃) နံနက်ပိုင်းက ဖမ်းဆီးခံရသည် ဆိုသည့် သတင်းမှာ မှန်ကန်ကြောင်း ပြောသည်။

ဒေသတွင်းမီဒီယာများကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ရောက်ရှိနေသည့် KIO, KIA အရာရှိ ၁၆ ဦးကို စစ်တပ်က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ရေးသားဖော်ပြထားကြသည်။ 

ဖမ်းဆီးခံရသူအရေအတွက်နှင့် အသေးစိတ်အချက်များကိုတော့ အတည်မပြုနိုင်သေးကြောင်း မြစ်ကြီးနားရှိ ထိုအရာရှိက ဆိုသည်။

“သတင်းတွေတင်ထားတာ ရှိပါတယ်၊ ဖမ်းခံတယ်ဆိုတာ အကုန်မှန်ပါတယ်။ မြစ်ကြီးနားကလည်း ပါတယ်” ဟု အထက်ပါ KIO အရာရှိက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသတင်းထွက်ပေါ်လာသည့် ယနေ့နံနက်မှ စတင်၍ စစ်ကောင်စီထောက်ခံသည့် ဖေ့ဘွတ်စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များတွင် ဖမ်းဆီးခံရသူ ၁၁ ဦး၏ ဓာတ်ပုံများ ပျံ့နှံ့လာခဲ့သည်။

ထို ၁၁ ဦးမှာ ဆလန်ကဘာ မုန်ရာ(KIA လိုင်ဇာသင်တန်းကျောင်း၊ ဆလန်ကဘာ ဘောမ်ချန်း(KIO နောင်နန်းဒုမြို့နယ်မှူး)၊ ဆလန်ကဘာ တူးရှန်(KIO ဝါရှောင်စာရင်းကိုင်)၊ ဆလန်ကဘာ လဖိုင်အောင်ဂမ်(KIO မလိယန်အတွင်းရေးမှူး)၊ ဆလန်ကဘာ မုန်ဒန်(KIO မလိယန် ဒုမြို့နယ်မှူး)၊ ဗိုလ်အဆင့်ရှိသော လာအောင် (KIA နမ္မတီးဆက်ကြေးတာဝန်ခံ)၊ ဆလန်ကဘာနော်အောန် (KIO စာရင်းစစ်)၊ ဆလန်ကဘာခေါယိမ်း (KIA တပ်ရင်း ၁၁)၊ ဆလန်ကဘာခွန်းအောင်(KIO နောင်နန်းဒုမြို့နယ်မှူး)ဆလန်ကဘာနော်ဘန့် (KIO ဖားကန့် အတွင်းရေးမှူး )နှင့် တပ်သားအဆင့်ရှိသူ နော်လီ(KIA ရုံးအကူ)တို့ဖြစ်သည်ဟု ရေးသားထားကြသည်။ 

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရသေးပေ။ 

ဖမ်းဆီးခံရသည့် သတင်းကြားရကြောင်း၊ အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းသတင်းဌာနအချို့ကိုမူ ဖြေကြားထားသည်။

ယခုလဆန်းမှ စတင်၍ စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ရှိ လမ်းသွားလမ်းလာများ၏ ကားနှင့် ဆိုင်ကယ်များကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ပွဲပြင်းထန်လာသည့် တိုင်းရင်းသားဒေသများတွင် ကချင်ပြည်နယ်က ရှေ့တန်းမှ ပါဝင်သည်။

ပြီးခဲ့သည့်လက ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် KIA တို့အကြား စစ်ရေးတင်းမာလာသည်။

စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပစ်သတ်ပြီးနောက်ပိုင်းတွင် ပြည်သူအများအပြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်သည့် ဒေသများသို့ သွားရောက်ကြရာ ခိုလှုံခွင့်ပေးသည့် အဖွဲ့များထဲတွင် KIA/KIO အဖွဲ့လည်း ပါဝင်သည်။

လက်နက်ကိုင်ခုခံလိုသူအများအပြားကို KIA က စစ်သင်တန်းပေးခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles