
“တမင်တကာ အစီအစဉ်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်တာ။ ဒါကတော့ လူမဆန်တဲ့ကိစ္စဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုလည်းမြောက်တယ်”- ဗိုလ်မှူးကြီးနော်ဘူ
—–
KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်
KIO ၏ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေဖြစ်သည့် ဖားကန့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ အနန့်ပါ ကျေးရွာတွင် KIO၏ ၆၂ နှစ်ပြည့်အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် ယမန်နေ့ (အောက်တိုဘာ ၂၃) ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူသေဆုံး၊ ထိခိုက်မှု များစွာ ရှိခဲ့သည်။
အတိအကျ မသိရသော်လည်း သေဆုံး၊ ဒဏ်ရာရသူဦးရေ ၁၀၀ကျော် ရှိသည်ဟု KIA နှင့်နီးစပ်သူများထံ မွန်းလွဲ ၂နာရီခွဲအချိန် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
သေဆုံးသူများတွင် KIA အရာရှိများ အပါအဝင် ကချင်အနုပညာရှင်အချို့နှင့် ဒေသခံပြည်သူများ ဖြစ်ကြသည်ဟု သိရှိရသည်။
[youtube https://youtu.be/8xtynN8ZmBo]