
ကြက်သား၊ အမဲသားတို့ကို အသင့်စားသုံးနိုင်စေရန် စီမံချက်ပြုတ်ပြီး ရှေ့တန်းစစ်မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ ပေးပို့သည့် လုပ်ငန်းတစ်ခုကို ဦးဆောင်နေသူတစ်ဦးမှာ ရှမ်းပြည်နယ်၊ ကလောမြို့မှ ကိုအောင်ရဲပြည့် ဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသူတို့အတွက် လက်နက်ခဲယမ်း အရေးကြီးသကဲ့သို့ သင့်လျော်သည့် စားနပ်ရိက္ခာကလည်း မရှိမဖြစ် လိုအပ်နေရာ ထိုအချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ထောက်ပို့လုပ်ငန်းမှာ လွန်စွာ အရေးပါနေသည်။
လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းပြီး ၁ နှစ် ကျော်လာကြချိန်တွင် လွန်စွာအရေးကြီးသည့် ထောက်ပို့လုပ်ငန်းတွင် ပါဝင်နေသူတို့က ရှေ့တန်းအတွက် သင့်လျော်သည့် အစားအစာ စီစဉ် ထုတ်လုပ်နေကြသည်။
[youtube https://youtu.be/iQbKhSfDNFE]