အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖားကန့်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နန့်ယားရွာမှ ဌာနေပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၀) နံနက်က ဆိုင်ကယ်ဖြင့်လာသည့် လူနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားသည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ် ဦးထွန်းထွန်းဦးဆိုသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် နန့်ယားရွာအနီး စစ်ကောင်စီစခန်းကုန်းတွင် ညအိပ်လေ့ရှိသူဖြစ်ကြောင်း၊ နံနက်ပိုင်း နေအိမ်သို့ ပြန်လာချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် အိမ်ပြန်လာတဲ့အချိန် အိမ်ရှေ့တံခါးပေါက်နားမှာ သေနတ်နဲ့ လာပစ်သွားတာ ဆိုင်ကယ်နဲ့ လူနှစ်ယောက်က” ဟု ၎င်းက ဆိုသည်။ သေနတ်သမားတို့က ဦးထွန်းထွန်းဦး၏ ပစ္စတိုသေနတ်ကို ယူသွားသည်ဟု ထိုသူက ဆက်ပြောသည်။

ဦးထွန်းထွန်းဦးကို ပစ်သတ်ခံရမှုမှာ လက်သည်မပေါ်သေးပေ။ ထိုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်က နန့်ယားရွာအနီး လမ်းသွားလမ်းလာများအား စစ်ဆေးနေကြောင်း၊ နန့်ယားရှိ စစ်ကောင်စီစခန်းမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ရှိမည်ထင်သည့် နေရာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ဖားကန့်မြို့၏အရှေ့ဘက် ၁၅ မိုင်ခန့်အကွာရှိ နန့်ယားရွာမှာ မြစ်ကြီးနား-ဖားကန့်လမ်းအနီးတွင် ရှိသည်။ ထိုရွာအနီးတွင် စစ်ကောင်စီတပ်စခန်းတစ်ခုရှိသည်။

၂၀၂၁ ဇူလိုင်လကပင် နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးမြိုးမင်းထွန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ခဲ့သေးသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကချင်ပြည်နယ်အတွင်း KIA နှင့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

၂၀၂၂ ဖေဖော်ဝါရီ လဆန်းပိုင်းကပင် နန့်ယားရွာနှင့် မဝေးသည့် ကပ်မှော်ရွာအနီးတွင် စစ်တပ်နှင့် KIA တပ်ရင်း ၁၄ တို့ တိုက်ပွဲရက်ဆက်ဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button