အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပခုက္ကူနှင့် မြိုင်မြို့အကြား တိုက်ပွဲများတွင် စစ်တပ်အထိနာဟု PDF ပြော

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ကြား နေရာနှစ်ခုတွင် စက်တင်ဘာ ၁၉ ရက်က စစ်ကောင်စီတပ် နှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (PDF) ဘက်က ပြောသည်။

မြိုင်မြို့နယ် စိုင်ဂေါင်းကျေးရွာမှ ညောင်တွင်းကျေးရွာဘက်သို့ လာသည့် စစ်ကြောင်းနှင့် ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့တို့က သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

မြိုင်မြို့နယ်အတွင်း စစ်သားနှင့် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်ဝတ်လက်နက်ကိုင် အင်အား ၁၀၀ ကျော်က စစ်ကြောင်း ၃ကြောင်း ခွဲဝင်လာရာ ခုံခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ၂ ဦး ဒဏ်ရာရသွားသည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ရင်း ၁ တာဝန်ခံက ပြောသည်။

“တိုက်ပွဲက မိနစ် ၂၀ လောက်တော့ ကြာတယ်။ ဘယ်လောက်ဒဏ်ရာရသွားလဲ မသိပေမဲ့ ၂ ယောက် ဒဏ်ရာရသွားတာတော့ သေချာတွေ့တယ်” ဟု ၎င်းက ပြောသည်။ ထိုတိုက်ပွဲတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF) မှ အသက် ၁၈ နှစ်အရွယ် ရဲဘော်တစ်ဦး သေဆုံးသည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစစ်ကြောင်းမှာ ညောင်တွင်းရွာကို မီးဝင်ရှို့ခဲ့သဖြင့် နေအိမ် ၅၀ နီးပါး ပျက်စီးမည်ဟု အထက်ပါ ပကဖ တာဝန်ခံက ခန့်မှန်းသည်။ ထိုရွာတွင် ယမန်နေ့ (စက်တင်ဘာ ၂၀) အထိ စစ်တပ် တပ်စွဲထားဆဲဖြစ်၍ ပျက်ဆီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်မသိရသေးဟု ၎င်းက ဆက်ပြောသည်။

ထိုနေ့တစ်ရက်တည်းတွင် မြိုင်နှင့် ဘေးကပ်လျက်ရှိ ပခုက္ကူမြို့နယ် အရှေ့ဘုန်းကန်ရွာ စစ်ဆေးရေးဂိတ်ကို PDF ၈ ဖွဲ့ပေါင်း၍ တိုက်ခိုက်ရာ စစ်ကောင်စီ ၁ ဦးသေပြီး ၅ ဦး ဒဏ်ရာရကာ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် Royal Defence Force(PKU) တာဝန်ခံက ပြောသည်။

“သူတို့ ဂိတ်ဖွင့်စစ်နေတာ ကြာပြီ။ အခုက အင်အားတိုးချထားတာ။ ပစ်ခတ်မှုက နာရီဝက်လောက် ကြာတယ် ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ အရင်စထုတာ သူတို့ဘက်ကလည်း ပြန်ပစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းသော မကွေးတိုင်းအတွင်းရှိ ဒေသများတွင် စစ်တပ်က လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်ပေး၍ စစ်ဆင်ရေးများတောက်လျှောက်လုပ်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button