အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

သမီးငယ်နှစ်ဦး တပြိုင်ထဲ ဆုံးရှုံးလိုက်ရသည့် ကယန်းမိဘနှစ်ပါး

အထိနာနေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံနေကြရသည့် အရပ်သားပြည်သူများ ထိခိုက်၊ သေဆုံးကြရပြီး သေဆုံးသူများအနက် အသက် ၇နှစ်နှင့် ၁၂နှစ် အရွယ် မိန်းကလေးငယ် ညီအစ်မ နှစ်ဦးလည်း ပါဝင်ခဲ့သည်။

စစ်ဘေးရှောင်ရင်း စစ်ကောင်စီလက်ချက်ကြောင့် လက်နက်ကြီးထိမှန်ကာ ရုတ်တရက် သေဆုံးခဲ့ရသည့် သမီးငယ်နှစ်ဦးအတွက် ကျန်ရစ်သူ ကယန်းတိုင်းရင်းသား မိဘနှစ်ဦးမှာ ဖြေမဆည်နိုင်အောင် ယူကြုံးမရ ဖြစ်ကြရသည်။

“ဘုရားကျောင်းဝင်းထဲမှာ သေတယ်ဆိုတော့ ဘုရားသခင် ခေါ်တယ်လို့ပဲ ပြောရမှာပေါ့။ အရေးတော်ပုံအောင်မှ ရမယ်။ လူတွေအားလုံး ခက်ခဲနေကြပြီ” ဟု သမီးနှစ်ဦး ဆုံးရှုံးလိုက်ရသည့် ဖခင်က ပြောသည်။

စက်တင်ဘာ ၁၆ရက်၊ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မွေတော်ဘုန်းကြီးကျောင်းဆောင်ထဲ လက်နက်ကြီးကျခဲ့ရာ ထိုကျောင်းတွင် ယာယီခိုလှုံနေသည့် အရပ်သား ၅ဦး သေဆုံးခဲ့ပြီး ၁၀ဦးကျော် ပြင်းထန်ဒဏ်ရာ ရခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/MextNrn9XAQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles