
၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်က ပစ်လိုက်သည့် လက်နက်ကြီးကျည် မိုးဗြဲရွာထဲကျပြီး ကျည်စထိမှန်ကာ မဝတ်ရည်နှင်းတစ်ယောက် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်။
ခြေတစ်ဖက်ဆုံရှုံးခဲ့သည့် မဝတ်ရည်နှင်းကို ၂ လသာ ပေါင်းသင်းရသေးသည့် ခင်ပွန်းဖြစ်သူကလည်း စွန့်ပစ်ထားခဲ့သည်။ အဖေမရှိတော့သည့် မဝတ်ရည်နှင်း၏ ခြေတောက်ဒဏ်ရာကို ကျန်းမာရေးမကောင်းသည့် အမေဖြစ်သူက ကြည့်ရှုနေရပါသည်။ အသက် ၂၄ နှစ်အရွယ်တွင် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသော်လည်း ဘဝကို အရှုံးမပေးဘဲ ရင်ဆိုင်သွားမည်ဟု မဝတ်ရည်နှင်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/dqU9fFRygHA]