
စစ်အာဏာသိမ်းပြီးနောက် အခက်ကြုံနေရသည့် သူများထဲတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများလည်း ပါဝင်နေသည်။ ဓာတ်မြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းများအဆမတန် မြင့်တက်လာသဖြင့် လယ်ယာလုပ်ငန်းအတွက် စိုက်ထုတ်သုံးစွဲရသည့် အရင်းအနှီးများ ပိုမိုများပြားလာသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကယားပြည်နယ်နှင့် အခြားဒေသများတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးသည့်အချိန်တွင် မျိုးစပါးများကိုပါ မီးရှို့ဖျက်ဆီးခဲ့သလို လယ်ယာလုပ်ကိုင်နေ့သည့် အချိန်တွင်လည်း ထိုးစစ်ဆင် ပစ်ခတ်မှုများရှိသဖြင့် ဒေသခံများအနေဖြင့် လယ်ယာလုပ်ငန်းကို ကောင်းစွာ လုပ်ကိုင်နိုင်ခြင်းမရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/DUMH2KQt52w]