“ကိုကို့ကို ရေတိုက်ပါ ညီမလေးရယ်”
ရဟတ်ယာဉ်များသုံးပြီး ရင်ပေါင်တိုင်ရွာတွင်း ပစ်ခတ်သတ်ဖြတ်မှုများကို မျက်မြင်တွေ့ရှိခဲ့သူနှင့် ဆက်သွယ်မေးမြန်းချက်
ဩဂုတ်လ ၁၁ ရက်မှ ၁၄ ရက်အတွင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ရင်ပေါင်တိုင်ရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးခန့်ကျဆုံးပြီး ရွာခံ အမျိုးသမီးနှင့် အမျိုးသားအရပ်သားများလည်း သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကောင်စီတပ်ဖွဲ့က ရွာသား ၂၀ နီးပါးကိုလည်း ယခုအချိန်ထိ ဖမ်းဆီးထားသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ရဟတ်ယာဥ်များကို သုံးစွဲပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိရွာများကို ဆက်လက်မီးရှို.တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/Fl2KRSGXBag]