အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်နက်ကိုင်တော်လှန်ရေးကို ကိုဂျင်မီ ဘာပြောခဲ့လဲ

တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက်တွင် ရှေ့တန်းရောက်လာသည့် လက်နက်ကိုင်လမ်းစဉ်နှင့် တော်လှန်ရေး၏ အလားအလာကို ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကိုဂျင်မီ(ခ) ဦးကျော်မင်းယုက Myanmar Nowကို ပြောပြထားခြင်းဖြစ်သည်။

၁၉၈၈ ခုနှစ်မှစသည့် မြန်မာ့ဒီမိုကရေစီ ရေဆန်ခရီးတွင် ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် နည်းလမ်းဖြင့် အနစ်နာခံ ပါဝင်ခဲ့ရာမှ ယခုတစ်ကြိမ်တွင် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ဖြစ်သည့် အကြောင်းကိုလည်း ကိုဂျင်မီက ယခု အင်တာဗျူးတွင် ရှင်းလင်းစွာ ပြောပြထားသည်။

ထင်ရှားသည့် နိုင်ငံရေးသမား၊ စာရေးဆရာတစ်ဦးဖြစ်သော အသက် ၅၂နှစ်အရွယ် ကိုဂျင်မီကို ဒဂုံမြို့သစ် မြောက်ပိုင်းတွင် ယမန်နှစ် အောက်တိုဘာ ၂၃ ရက်က လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် သေဒဏ်သတ်မှတ်သည်။

ကိုဂျင်မီကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်၊ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်သည့် အရပ်သား ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့နှင့်အတူ သေဒဏ်စီရင်ပြီးကြောင်း ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများက ဖော်ပြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/kSPhvca2coY]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles