အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လက်နက်ကိုင်အဖွဲ့သစ်ကို အသိအမှတ်မပြုဟု KNU, KNLA ကြေညာ

ကရင်ခေါင်းဆောင်တစ်ဦးဖြစ်သော စောနယ်ဒါးမြ  ဦးဆောင်ဖွဲ့စည်းသည့် ကော်သူးလေတပ်မတော်ကို အသိအမှတ်မပြုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က ယနေ့ (ဇူလိုင် ၂၀) တွင် ကြေညာချက်ထုတ်ပြန်ကြသည်။

KNU ကြေညာချက်တွင် စောနယ်ဒါးမြကို အဖွဲ့မှ ထုတ်ပယ်ကြောင်း၊ ၎င်း၏လုပ်ရပ်များသည် အဖွဲ့နှင့် မသက်ဆိုင်တော့ကြောင်း ဖော်ပြထားသည်။

စောနယ်ဒါးမြကို ၂၀၁၃ တွင် KNDO စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးခဲ့သော်လည်း တာဝန်စည်းကမ်းများ ဖောက်ဖျက်ခဲ့ကြောင်း ကြေညာချက်က ဆိုသည်။ 

အလားတူ KNU ၏ တပ်ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က အဆိုပါတပ် ဖွဲ့စည်းခြင်းကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တစ်စောင် ပူးတွဲထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါတပ်ဖွဲ့စည်းခြင်းသည် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ခေါင်းဆောင်တပ်မှူးများ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ KNU လက်အောက်ရှိ KNLA, KNDO တပ်မှူးများ၏ ဆန္ဒသဘောထားမပါဘဲ တစ်စုတစ်ဖွဲ့၊ တစ်ဦးတစ်ယောက်၏ ဆန္ဒသဘောထားဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း KNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။  

ထိုဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး KNLA, KNDO တပ်ဖွဲ့ဝင်များ လေးလေးနက်နက်စဉ်းစားဆင်ခြင်ရန် KNLA က တိုက်တွန်း ထုတ်ပြန်ထားသည်။ 

ယမန်နေ့ (ဇူလိုင် ၁၉) က စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ပြီး Kaw Thoo Lei Army တည်ထောင်ကြောင်း KNDO ၏ အထူးကွန်မန်ဒိုစစ်ကြောင်းဖြစ်သော VENOM စစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။ 

ယမန်နှစ် မေ ၃၁ က ကရင်ပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်သား ၂၅ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို KNDO စစ်ဦးစီးချုပ်တာဝန်မှ ယာယီရပ်ဆိုင်းကာ စစ်ဆေးပြီးနောက် ယခုနှစ် ဇန်နဝါရီ ၁၇ ၌ တာဝန်မှ အပြီး ရပ်ဆိုင်းခဲ့သည်။

ဇူလိုင် ၁၆ ရက်က KNU ဌာနချုပ်အနီး KNDO ဌာနချုပ်၌ ပြုလုပ်ခဲ့သော ၇၅ နှစ်ပြည့် KNDO Day အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ်စောရှီးလေကို KNU ဗဟိုမှ ထုတ်ဖော်ပြသခဲ့သည်။ 

စောနယ်ဒါးမြက ယမန်နေ့က ကရင်ဘာသာဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သလို ကရင်ဘာသာဖြင့် ထုတ်လွှင့်သော Radio Karen တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဖြစ်ပြီး တပ်အသစ်အတွက် စိတ်မပူကြရန် ပြောထားသည်။ 

အလားတူ RFA သတင်းဌာနကိုလည်း တပ်အသစ်မှာ စစ်ကောင်စီကို တိုက်ခိုက်ရန် ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း၊ NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားသော KNU အောက်မှ တိုက်ခိုက်ရာတွင် ပြဿနာရှိကြောင်း၊ တိုက်ခိုက်စရာရှိသည်များ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ KNLA, DKBA, KNU/KNLA−PC, KNDO အဖွဲ့ဝင်တချို့ ပါဝင်ကြောင်း ပြောထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles