
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံခွန်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တံခွန်တိုင်အဝိုင်းထိပ်တွင် ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းများအဖွဲ့မှ တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခု ယနေ့ စက်တင်ဘာလ ၁၅ရက် နံနက်၉နာရီတွင် ပြုလုပ်ခဲ့သည်။
“နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လို့ လုံးဝ မကျေနပ်လို့ ဒီလိုဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်”လို့ အဆိုပါပွဲကို ဦးဆောင်သူ ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်မှူးဟောင်း အောင်စိုး(အငြိမ်းစား)က ပြောသည်။
“နိုင်ငံတကာမှာ ဘယ်နိုင်ငံကမှ ကိုယ့်ပြည်တွင်းရေးကို စွက်ဖက်ရင် လက်သင့်မခံဘူး အဲလိုပဲ ဦးတို့ကလည်း ဦးတို့နိုင်ငံရေး ဝင်ရောက်စွက်ဖက်တာ မကြိုက်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါထောက်ခံပွဲကို လူအင်အား တစ်ရာခန့်ဖြင့် ဗီနိုင်းများကိုင်ကာ အချိန်တစ်နာရီခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။