ရုပ်သံ

ဥကရစ်ထတိုက်ပွဲ နောက်ဆုံးအခြေအနေ

ထိုင်း-မြန်မာ နယ်စပ် စည်းမျဉ်းအနီးရှိ စစ်တပ်ခြေကုပ်စခန်း ဥကရစ်ထတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်နေသည်မှာ ဆယ်ရက်ကြာခဲ့ပြီဖြစ်သည်။ ထိုစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၆ ရက်နေ့တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ခြေကုပ်စခန်းမကျစေရန်အတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့်ပါ အကြိမ်ပေါင်းများစွာ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ဆယ်ရက်တာ ကြာမြင့်နေသည့ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများ၊ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး KNDO အထူးကွန်မန်ဒို စစ်ကြောင်းတစ်ခုဖြစ်သည့် Venom စစ်ကြောင်းမှူး စောဝင်းမြင့်ကို Myanmar Now က ဇူလိုင်လ ၄ ရက်နေ့ ညပိုင်းတွင် ဆက်သွယ်မေးမြန်းထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/IuGZ5DeV5SU]

Related Articles

Back to top button