ရုပ်သံသတင်း

ထီးလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများ၊ ဒေသခံ ၇၀၀ ကျော် စစ်ရှောင်နေရ

မကွေးတိုင်းအနောက်မြောက်ခြမ်း ယောဒေသ ထီးလင်းမြို့တွင် တိုက်ပွဲရက်ဆက်ဖြစ်နေပြီးစစ်ကောင်စီဘက်က အကျဆုံးများနေကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)က ပြောပါသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ထီးလင်းနှင့် ၄ မိုင်ခန့်အကွာ ထလင်းကျေးရွာအနီးတွင် အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို YDF တပ်ရင်း ၄ ခုက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ထီးလင်းမြို့တွင် စစ်ကောင်စီတပ်က အင်အား ၃၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၀ ရက်ခန့်ရှိလာပြီဖြစ်ပြီး မြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေက ဒေသခံ ၇၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း YDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/gY-w3Tz651Q]

Show More

Related Articles

Back to top button