အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဥကရစ်ထတိုက်ပွဲ ၆ ရက်မြောက်အထိ ပြင်းထန်နေဆဲ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၁၈ မိုင်ကွာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခြေကုတ်စခန်း ဥကရစ်ထတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်မှာ ခြောက်ရက်မြောက်ရှိပြီဖြစ်သည်။ ထိုစစ် တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက ဇွန် ၂၆ ရက် တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကူလာသော တပ်မ ၄၄ လက်အောက်ခံ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်စဉ် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များက ထုတ်ပြန်ထားပြီး၊ တိုက်ပွဲအပြင်းအထန် ဖြစ်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်အနီး ဥကရစ်ထစခန်းတိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ KNDO အထူးကွန်မန်ဒို စစ်ကြောင်းတစ်ခုဖြစ်သော Venom ၏ စစ်ကြောင်းမှူး စောဝင်းမြင့်ကို Myanmar Now က ယနေ့ (ဇူလိုင် ၁) မွန်းလွဲပိုင်းတွင် ဆက်သွယ်မေးမြန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
[youtube https://youtu.be/eYZDtKIm_SA]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles