အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်သစ်စာအုပ် La liberté s’apprend ၏ဇာတ်ကောင် ကချင်လူငယ်ကို ဂုဏ်ပြု

ရန်ကုန် – ပြင်သစ်စာအုပ် La liberté s’apprend ၏အဓိကဇာတ်ကောင် ဖြစ်သည့် ကချင်လူငယ် နောဂျာဂေါ့လူအား ယမန်နေ့ (စက်တင်ဘာ၃၀)တွင် မြစ်ကြီးနားမြို့တွင် ကချင်လူမှု အသိုင်းအဝိုင်းက သံလုကာ ဓမ္မကောလိပ်တွင် စံပြ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြသည်။

ယခုတွင် အသက်၃၁နှစ်အရွယ် ရှိပြီဖြစ်သည့် နောဂျာဂေါ့လူသည် အသက်၁၃နှစ် အရွယ်ကတည်းက အလုပ်လုပ်တစ်ဖက်ဖြင့် ကျောင်းတက်ရင်း ဖိလစ်ပိုင်နိုင်ငံ Los Baños တက္ကသိုလ်မှ ပညာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ၂၀၁၃မှာ ရယူနိုင်ခဲ့သည်။

သူ၏ဘဝတစ်လျှောက် ရုန်းကန်မှုများအကြောင်းအတ္ထုပ္ပတ္တိစာအုပ်ကို ပြင်သစ်ဘာသာဖြင့် ပြီးခဲ့သည့်လက ထုတ်ဝေခံခဲ့ရပြီးနောက် လူသိများလာခဲ့သည်။

မြန်မာဘာသာဖြင့် လွတ်လပ်ခြင်းသည် သင်ယူမှုဖြစ်သည် ဟု အဓိပ္ပာယ်ရသည့် ပြင်သစ်စာရေးဆရာမ Fanny Cheyrou ၏ La liberté s’apprend သည် ပြင်သစ်တို့၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးသည့် စာအုပ်အဖြစ် လူသိများနေကြောင်း၊ ယင်းစာအုပ်၏ ဇာတ်ကောင် နောဂျာဂေါ့လူအားလည်း စိတ်ဓာတ်ပြင်းထန်သန်မာသည့် လူငယ်တစ်ဦးအဖြစ် ပြင်သစ်တို့က အသိအမှတ်ပြုကြကြောင်း ဂုဏ်ပြုပွဲကိုစီစဉ်သည့် Community Health And Development ၏ ဒါရိုက်တာ Peter Mahka Myo Awng က Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ပြီး ပညာရေးမှာရော၊ လူမှုရေးမှာရော အခုလို အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့တဲ့အပေါ် အရမ်းအတုယူထိုက်လို့ အခုလို ဂုဏ်ပြုပေးရခြင်း ဖြစ်တယ်။ လူငယ်တွေအားလုံးအတွက်လည်း စံနမူနာယူထိုက်သူတစ်ယောက်အဖြစ် မြင်တွေ့စေချင်လို့လည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ နောဂျာဂေါ့လူ၏ဖခင်နှင့်အကိုတို့ သည် သူအသက်၁၃နှစ်အရွယ်ကတည်းက နေအိမ်မှ ထွက်သွားခဲ့ပြီးနောက် ကျန်းမာရေးမကောင်းသည့် မိခင်နှင့် မောင်နှမလေးဦးအား ရှာဖွေကျွေးမွေးရင်း မဟာဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့သူ ဖြစ်သည်။

ဖိလစ်ပိုင်တွင် မဟာဘွဲ့ ရခဲ့ပြီးနောက် ဇာတိမြေ မြစ်ကြီးနားတွင် Brilliant English Language Stundent Center အမည်ရှိ ကိုယ်ပိုင်အင်္ဂလိပ်စာ သင်တန်းကျောင်းဖွင့်လှစ်ပြီး ပညာသင်ကြားရန် ခက်ခဲသည့် ဘဝတူ ကျောင်းသားများအား အခမဲ့ ပညာသင်ကြားပေးလျက်ရှိသည်။

ယခုအချိန်မှာ နောဂျာဂေါ့လူဟာ ကိုယ်ပိုင်အင်္ဂလိပ်စာသင်တန်းကျောင်း Brilliant English Language Stundent Center) အား မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်မှာ ဖွင့်လှစ်ထားပြီး လူငယ်များအား စိတ်ဓာတ်မြှင့်တင်ရေးအစီအစဉ်များကို ပြုလုပ်နေလျက်ရှိပါတယ်။

ကိုယ်ကျိုးကိုမကြည့်ဘဲ ခက်ခဲသောလူငယ်များအား အခမဲ့ ပညာသင်ပေးခြင်း၊ စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးခြင်း၊ ဟောပြောပွဲများ ကျင်းပပေးခြင်း၊ ဆင်းရဲခက်ခဲသော လူငယ်များနှင့် တစ်သားတည်းနေထိုင်ကာ ပြုစုပျိုးထောင်ပေးခြင်း တို့ကို ပြုလုပ်လျက်ရှိပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button