အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းရှိ တရုတ်ဖရဲနှင့် သခွားစိုက်ခင်းများမှ တရားမဝင်နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖရဲနှင့်သခွားစိုက်ခင်းများတွင် တရားမဝင်ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို တွေ့ရှိခဲ့ပြီး စိုက်ခင်းများတွင် အစိုးရ ခွင့်မပြုသည့် စိုက်ပျိုးရေးဆေးများ သုံးစွဲနေကြောင်း စစ်ကိုင်းတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး က လွှတ်တော်တွင် ယနေ့ ပြောကြား ခဲ့သည်။

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ် ၁၀၅မိုင်မှတဆင့် တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နေသည့် တရုတ်ဖရဲနှင့် သခွားမွှေးများ အဓိကစိုက်ပျိုးရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ စိုက်ခင်းများတွင် ဥပဒေချိုးဖောက်ပြီး နေထိုင်သည့် နိုင်ငံခြားသား ၃၈ဦးအား ၂၀၁၇ နှင့်၂၀၁၈အတွင်း ပြည်နှင်ဒဏ်ပေးခဲ့ပြီး တစ်ဦးကို တရားစွဲထားကြောင်း ဝန်ကြီးဦးကမ်ဇာမုံက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဘုတလင်အမတ် ဦးအောင်ကျော်က တရုတ်ဖရဲနှင့်သခွားစိုက်ခင်းများရှိ တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအကြောင်း လွှတ်တော်တွင်း မေးခွန်းထုတ်စဉ် ဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်ပြီး တစ်လလျှင်တစ်ကြိမ် နိုင်ငံခြားသားထိန်းသိမ်းစိစစ်ရေးလုပ်ငန်း လုပ်ကိုင်နေသည်ဟုလည်း ဆိုသည်။

ပြည်နှင်ဒဏ်ပေးခံရသူများမှာ မည်သည့်နိုင်ငံသားဖြစ်ကြောင်း လွှတ်တော်တွင်း ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း တရုတ်နိုင်ငံသားအများစု ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်က Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရုတ်နိုင်ငံက အဓိကဝယ်ယူခဲ့ပြီးနောက် ဖရဲနှင့်သခွားစိုက်ခင်းများသည် စစ်ကိုင်းတိုင်းတွင် တစ်ဟုန်တိုး ထိုးတက်လာခဲ့ပြီးနောက် ယင်းဒေသတွင် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း ဖရဲနှင့် သခွားစိုက်ခင်း ဧက ၃၁၀၀၀ ကျော်အထိ ရှိလာခဲ့သည်။

အဆိုပါစိုက်ခင်းများတွင် မြန်မာစိုက်ပျိုးရေးဌာနများ၏ ခွင့်ပြုချက်မဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ သုံးစွဲနေသည်ကိုလည်း စိုက်ပျိုးရေးအရာရှိများက စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဘုတလင်မြို့နယ်အတွင်း မြန်မာနိုင်ငံအတွင်း မှတ်ပုံမတင်ထားသည့် မြေသြဇာများကို ဖရဲနှင့် သခွားစိုက်ခင်းများတွင် အသုံးပြုခဲ့သည့် ကုမ္ပဏီနှစ်ခုကို တရားစွဲဆိုခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။ ၎င်းတို့ထံမှ တရုတ်စာတန်းပါ ရွက်ဖျန်းမြေသြဇာထုပ် ၁၅၀၀ နီးပါး သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ဒေသတွင်းမှ စိုက်ပျိုးရေးဆေးရောင်းချသူများနှင့် ကုမ္ပဏီများကိုလည်း မြန်မာအစိုးရထံ မှတ်ပုံမတင်ထားသည့် စိုက်ပျိုးရေးဆေးများ မရောင်းချရန် အကြောင်းကြားထားကြောင်း ဝန်ကြီးက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles