ရုပ်သံသတင်း

သေ့ဘောဘိုးမှ စစ်ကောင်စီ သုံ့ပန်းများနှင့်တွေ့ဆုံခြင်း

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးရွာရှိ စစ်ကောင်စီ စခန်းတစ်ခုကို တော်လှန် ရေးအင်အားစုများ မေ ၁၉ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် ဖမ်းမိထားသည့် စစ်သား ၆ ဦးကို Myanmar Nowက မေးမြန်းခွင့်ရခဲ့သည်။

စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းမှူး ၊ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ငြိမ်းချမ်း အပါအဝင် ၅ ဦး သေဆုံး၊ လက်နက် အမြောက်များ သိမ်းဆည်းရသည့် ထိုတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကော်ဘရာ စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သုံ့ပန်းများမှာ တပ်သားအဆင့်မှ တပ်ကြပ်ကြီးအဆင့်၊ အသက် ၂၃ နှစ်ကနေ ၅၇ နှစ်အတွင်း ရှိကြသည်။ ဖမ်းခံထားရသည့် အခြေအနေတွင် တိုက်ပွဲအတွင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကိုမူ ၎င်းတို့က အသေးစိတ် ပြောဆိုရန် ဝန်လေးပုံရသည်။

သို့သော် စစ်ကူမလာ၊ ထောက်ပံ့မှုမပေးနိုင်သည့် စစ်ကောင်စီ၏ တပ်တွင်းအခြေအနေများကိုမူ ထိုသုံ့ပန်းများ အနက် အချို့က ပွင့်လင်းစွာပြောပြကြသည်။ကျန်းမာရေးကောင်းမွန်နေပုံရသည့် ထိုသုံ့ပန်းများကို မေ ၂၆ ရက်တွင် အွန်လိုင်းမှ မေးမြန်းဖြစ်ခဲ့သည်များအနက် အချို့ကို ကောက်နုတ်တင်ဆက်ထားခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/33IVrPdlY7M]

Show More

Related Articles

Back to top button