
စစ်ကိုင်းတိုင်းထဲရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ ခုခံကာကွယ်မှုကြောင့် အထိနာနေသည့် စစ်ကောင်စီသည် ပျူစောထီးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များနှင့်ပူးပေါင်းပြီး ကာကွယ်ရေးစနစ်ကို အရှိန်မြှင့်မည်ဟု ကြုံးဝါးလိုက်သည်။
မတ်လ ၂၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလိုပြောကြားခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့များက ရွာများကို မီးရှို့ခဲ့ကြောင်းလည်း စွပ်စွဲခဲ့သည်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းတွင် လူနေအိမ်ခြေပေါင်း ၂၅၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း Data For Myanmar အဖွဲ့၏ စာရင်းများက ဆိုသည်။
မြေပြင်တွင် ပျူစောထီးအဖွဲ့မှာ ထင်သလောက် အင်အားမရှိ၊ စစ်တပ်က အကျပ်ကိုင်၍ ထိန်းကျောင်းနေသည်ဟု ပုလဲမြို့နယ်မှ PDF ခေါင်းဆောင် ဗိုလ်နဂါးက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/nDwhUHmxCS8]