အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စာသင်ကျောင်းကိစ္စ စစ်ကောင်စီကန့်ကွက်မှုကို အကြောင်းပြန်ရန်မရှိဟု KNU ပြော

ကရင်ပြည်နယ်၊ ဘားအံတွင် စာသင်ကျောင်းအချို့ ပိတ်ထားရသည့်အတွက် စစ်ကောင်စီက ကန့်ကွက်ကြောင်း စာပို့သော်လည်း အကြောင်းပြန်ရန် မရှိဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ပြောသည်။

ဘားအံမြို့နယ်အတွင်းရှိ စာသင်ကျောင်းလေးကျောင်းကို လုံခြုံရေးမပေးနိုင်၍ ပိတ်ထားရကြောင်း ကရင်ပြည်နယ်စစ်ကောင်စီ၏ မတ် ၁၄ ရက် ကန့်ကွက်စာတွင် ဖော်ပြထားပြီး KNU အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အတိုင်း လိုက်နာဆောင်ရွက်ရန်လိုလည်း ပြောဆိုထားသည်။​

ကန့်ကွက်စာနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ KNU သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က စစ်တပ်အာဏာသိမ်းသည့် နေ့ကတည်းက NCA လုပ်ငန်းစဉ် အသက်မဝင်တော့ကြောင်း Myanmar Now ကို ပြောသည်။ 

“NCA ဆိုတာ အသက်မရှိတော့ဘူး။ သူတို့အာဏာသိမ်းကတည်းက ဘာမှတရားဝင်မှု မရှိတော့ဘူးလို့ ယူဆတဲ့အတွက် အကြောင်းပြန်ဖို့ ရည်ရွယ်ချက်မရှိဘူး” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လုံခြုံရေးမပေးနိုင်၍ ဘားအံမြို့နယ်တွင် တကောင်ဘိုး၊ မြိုင်၊ ဝဲပျံ၊ ဘောသပြု စသည့် ကျေးရွာများရှိ စာသင်ကျောင်းများ ပိတ်ထားရသည်ဟု စစ်ကောင်စီ၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

နယ်ခြားစောင့်တပ် (BGF) နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ နုတ်ထွက်ရန်၊ မိသားစုဝင်များ စခန်းမှထွက်ခွာရန်၊ စစ်ကောင်စီနှင့် မပူးပေါင်း မဆောင်ရွက်ရန် ပြီးခဲ့သည့်လအတွင်း KNU က စာထုတ်ပြန်ပြီးနောက် လုံခြုံရေးမပေးသဖြင့် ကျောင်းများပိတ်ရသည်ဟု စာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က KNU ဗဟိုနှင့် ဒေသခံ ဆက်ဆံရေးရုံးများကို ကန့်ကွက်စာပေးပို့ခြင်းဖြစ်သည်။ 

ဘားအံနှင့် ကမမောင်းမြို့ကြားရှိ ရွာများတွင် ကျောင်းသား ၁၀ ဦးဝန်းကျင်နှင့် ဆရာ တစ်ဦးစနှစ်ဦးစသာရှိသော ကျောင်းများဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ၎င်း၏တပ်ဖွဲ့ဝင်များကိုသာ ထိန်းသိမ်းရန်လိုကြောင်း KNU သထုံခရိုင်ဥက္ကဋ္ဌက ပြောသည်။​

“သူတို့စစ်ကောင်စီကလူတွေကို အရင်ထိန်းသိမ်းခိုင်းရမယ်လေ။ အစိုးရအာဏာကို ယူတုန်းက စပြီး ကျွန်တော်တို့က သူတို့ကို အသိအမှတ်မပြုတော့ဘူး။ ကျွန်တော်တို့ KNU/KNLA စစ်သားတွေက ပြည်သူကို ဘာမှဒုက္ခမပေးပါဘူး။ ပြည်သူကို ကာကွယ်တာပဲရှိတယ်” ဟု ပဒိုစောစိုးမြင့်က ပြောသည်။​

အဆိုပါကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း ကရင်ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူများနှင့် ဖုန်အဆက်အသွယ် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button